သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံနေတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကို တရားဥပဒေအရ အရေးယူတော့မယ်ဆိုတဲ့ အီလွန်မက်စ်

15-12-2022-yyl-50.jpg

အခုအပတ်မှာ ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားခဲ့တဲ့ အီလွန်မက်စ်က သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံနေတဲ့ တွစ်တာအကောင့်ပိုင်ရှင်ကို တရားဥပဒေအရ အရေးယူဆောင်ရွက်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ သူ့ကို ခြေရာခံနေတာက သူ့ရဲ့သားကို အန္တရာယ်ထဲကျရောက်စေနိုင်တယ်လို့လည်း ဆိုပါတယ်။

အဲဒီတွစ်တာအကောင့်ပိုင်ရှင်က အသက် ၂၀ အရွယ် ဂျက်ခ် ဆွီနေးဆိုသူ လူငယ်လေးပါ။ သူက အီလွန်မက်စ်ရဲ့လေယာဉ်ထွက်ခွာတဲ့ အချိန်၊ ဆင်းသက်တဲ့အချိန်၊ ခရီးတစ်ခုစီရဲ့ကြာချိန်စတဲ့ အချက်အလက်တွေကို ဖော်လိုဝါ ၅ သိန်းခွဲကျော်ရှိတဲ့ ElonJet တွစ်တာအကောင့်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက တင်ပေးနေခဲ့တာပါ။ ဗုဒ္ဓဟူးနေ့က အဲဒီအကောင့်ကို တွစ်တာက ရပ်ဆိုင်းခဲ့ပါတယ်။

အခုဆို အီလွန်မက်စ်က ဂျက်ခ် ဆွီနေးနဲ့ အခြားသူတွေကို ဥပဒေအရ အရေးယူဖို့ ဆောင်ရွက်နေပြီလို့ ပြောပါတယ်။ ပြီးခဲ့တဲ့ညက နောက်ယောင်ခံလိုက်တဲ့သူတစ်ဦးဟာ သူ့ရဲ့သားပါလာတဲ့ ကားနောက်ကို သူ ပါလာတယ်ထင်မှတ်ပီးလိုက်လာခဲ့တယ်။ ပြီးတော့ ကားကို ပိတ်ရပ်ခဲ့ပြီး သူ့သားပါလာတဲ့ကားပေါ်တက်ခဲ့တယ်လို့ အီလွန်မက်စ်က တွစ်တာမှာ ပြောခဲ့ပါတယ်။ ကိုယ်ရေးကိုယ်တာလုံခြုံရေးကို ချိုးဖောက်ရာကျတဲ့အတွက် လူတွေရဲ့တည်နေရာတွေကို အချိန်နဲ့တပြေးညီဖော်ပြတဲ့ ဘယ်လိုအကောင့်မျိုးကိုမဆို ရပ်ဆိုင်းပစ်မယ်လို့လည်း ပြောပါတယ်။

အီလွန်မက်စ်ပြောတဲ့ သူ့သားရဲ့ဖြစ်ရပ်က သူ့ရဲ့အကောင့်နဲ့ ဆက်စပ်မှုရှိနေတယ်ဆိုတဲ့ပြောဆိုချက်ကို ဂျက်ခ် ဆွီနေးက ငြင်းဆိုခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်တွစ်တာအကောင့်ကလည်း ရပ်ဆိုင်းခံရတယ်လို့ ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့တဲ့နောက်မှာ အခုလိုငြင်းဆိုခဲ့တာပါ။

ဗုဒ္ဓဟူးနေ့ညနေက ဂျက်ခ်ရဲ့ElonJet အကောင့် ပြန်ပေါ်လာခဲ့ပြီး “ဟုတ်ကဲ့…ကျွန်တော်ပြန်လာပါပြီ” လို့ ရေးသားခဲ့ပြီးနောက် မိနစ်အနည်းငယ်အကြာမှာ အကောင့် ထပ်ပြီးရပ်ဆိုင်းခံလိုက်ရပါတယ်။ သူ့ရဲ့ကိုယ်ပိုင်အကောင့် JxckSweeney လည်း အပိတ်ခံလိုက်ရပါတယ်။

အခုအပတ်ထဲမှာ အီလွန်မက်စ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာကို ဖယ်ပေးလိုက်ရတဲ့အပြင် သူ့Tesla ကုမ္ပဏီရဲ့ ဒေါ်လာ ၃.၅၈ ဘီလျံတန်တဲ့ ရှယ်ယာ ၂၂ သန်းကိုလည်း ထပ်ပြီးရောင်းချခဲ့ပါတယ်။ အခုအပတ် တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့တွေမှာ ရှယ်ယာတွေကို ရောင်းချခဲ့တာပါ။ အီလွန်မက်စ် ရောင်းချခဲ့တဲ့ Tesla ရှယ်ယာစုစုပေါင်းက ဒေါ်လာ ၄၀ ဘီလျံနီးပါးရှိနေပါပြီ။

အီလွန်မက်စ်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကို ခြေရာခံတဲ့ ဂျက်ခ် ဆွီနေးနဲ့ ဆက်စပ်တဲ့ သတင်းတွေကို ဖတ်ရှုရန်

သူ့ရဲ့ဂျက်လေယာဉ်ကို ခြေရာခံနေတဲ့ တွစ်တာအကောင့်ဖျက်ပေးဖို့ ဆယ်ကျော်သက်တစ်ဦးကို အီလွန်မက်စ်က ဒေါ်လာ ၅၀၀၀ နဲ့ ကမ်းလှမ်းတောင်းဆို

အီလွန်မက်စ်ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ကိုခြေရာခံခဲ့တဲ့ ဆယ်ကျော်သက်က ရုရှားလူမျိုးအာဏာရှင်တွေကိုပစ်မှတ်ထားနေပြီ

ကိုယ်ပိုင်ဂျက်လေယာဉ်ကို သူနဲ့အတူ စီးခွင့်ပြုမယ်ဆိုရင် အီလွန်မက်စ်ရဲ့လေကြောင်းခရီးစဉ်ကို ခြေရာခံတာရပ်ပေးမယ်ဆိုတဲ့ ကျောင်းသားလေး

Ref: BBC “Elon Musk taking legal action over Twitter account that tracks his private jet”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top