Deadpool မင်းသား ရိုင်ယန်ရေးနိုးလ်ဟာ ပြင်းထန်တဲ့နှလုံးကင်ဆာရောဂါခံစားနေရတဲ့ Wrexham ဘောလုံးအသင်းပရိသတ်ကလေးမလေးကို ဒေါ်လာ ၁၃၆၂၅ ကျော်( ပေါင် ၁၀၀၀၀) လှူဒါန်းပေးခဲ့ပါတယ်။
လက်ဇီဆိုတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးမလေးဟာ သူ့မိသားစုနဲ့အတူ အခုနှစ်နွေရာသီအားလပ်ရက်ခရီးကအပြန်မှာ နှလုံးကင်ဆာရောဂါရှိတယ်ဆိုတာကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။ အဲ့ဒီကတည်းက နှလုံးခွဲစိတ်ကုသမှု ၂ ကြိမ်၊ ပြင်းထန်တဲ့ ဓာတုကုထုံးတွေ ပြုလုပ်ခဲ့ကာ နှလုံးခုန်စက်လည်းတပ်ဆင်ထားရပါတယ်။
အခုလို ကင်ဆာရောဂါခံစားနေရတဲ့ လက်ဇီကို Wrexham FC ရဲ့ပူးတွဲပိုင်ရှင်လည်းဖြစ်တဲ့ နာမည်ကြီးမင်းသား ရိုင်ယန်ရေးနိုးလ်က လက်ဇီနဲ့ သူ့မိသားစုကို ကူညီဖို့ အကောင်းဆုံးကြိုးစားပေးနေတာပါ။ GoFundMe ပေ့ချ်မှာ ရိုင်ယန်ရေးနိုးလ်က နယူးယောက်ခ်မှာ ခရစ္စမတ်ဖြတ်သန်းကုန်ဆုံးချင်တဲ့ လက်ဇီရဲ့အိပ်မက်ကို ဖြည့်ဆည်းပေးဖို့ ကူညီတဲ့အနေနဲ့ သူ့မိသားစုကို ပေါင် ၁၀၀၀၀ ပေးပို့လှူဒါန်းပေးခဲ့တာပါ။
လက်ဇီရဲ့အမေက Daily Mail သတင်းဌာနကနေတဆင့် မင်းသား ရိုင်ယန်ရေးနိုးလ်အပါအဝင် လှူဒါန်းပေးခဲ့ကြတဲ့သူတိုင်းကို ကျေးဇူးတင်ကြောင်းဖော်ပြခဲ့ပါတယ်။ အခုလို ချစ်ခြင်းမေတ္တာတွေနဲ့ ပံ့ပိုးကူညီမှုတွေကို ရမယ်လို့ စိတ်ကူးတောင်မယဉ်မိခဲ့ဘူး။ ကျေးဇူးတင်စကားကို စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူး။ နှလုံးသားထဲကနေ ကျေးဇူးတင်နေရပါတယ်လို့ ပြောထားပါတယ်။ အခုဆို လက်ဇီက နယူးယောက်ကို ခရီးထွက်ဖို့ကို အရမ်းစိတ်လှုပ်ရှားနေတယ်လို့ သိရပါတယ်။
Ref: Ryan Reynolds contributes generous amount to Wrexham fan, 13, fighting aggressive cancer
WL (ရိုးရာလေး)

