ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒတ်ချ်ကျောင်းသူ/သားတွေ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ရွက်လွှင့်ပြီး အမိမြေကို ပြန်လာ

27-4-2020-yyl-019.jpg

ဒတ်ချ်လူမျိုး အထက်တန်းကျောင်းသူ/သား (၂၅) ဦးအဖွဲ့ဟာ အမိမြေကို ပြန်ဖို့အတွက် လေကြောင်းလိုင်းကခွင့်မပြုခဲ့ပေမဲ့ ရွက်လွှင့်ပြီး အိမ်ပြန်ဖို့ ကူညီပေးခဲ့တဲ့အတွက် တနင်္ဂနွေနေ့က နယ်သာလန်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ အသက် (၁၄-၁၇) ပါဝင်တဲ့ ကျောင်းသူ/ သားအဖွဲ့က ၁၉၂၀ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ “Wylde Swan” သင်္ဘောပေါ်မှာ ခြောက်ပတ်တာ ရွက်လွှင့်တဲ့ပရိုဂရမ်ကို သင်ယူဖို့လုပ်ခဲ့ပေမဲ့ တစ်ဝက်တစ်ပျက်နဲ့ ရပ်တန့်လိုက်ရပါတယ်။ မတ်လလယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့စီစဉ်ထားတဲ့အတိုင်း ကျူးဘားကနေ အိမ်ကို လေယာဉ်နဲ့ ပြန်ဖို့ မဖြစ်နိုင်တော့ဘူးဆိုတာကိုသိခဲ့ရပါတယ်။

စီစဉ်သူတွေက အတွေ့အကြုံရှိတဲ့ သင်္ဘောသား (၁၂)ဦးနဲ့ ဆရာမ (၃) ဦးအပါအဝင် Wylde Swanသင်္ဘောကို ကီလိုမီတာ (၇,၀၀၀) ခရီးကို အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး ရွက်လွှင့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ” တကယ်ကို ရွေးချယ်စရာမရှိတဲ့အတွက် အလိုက်သင့်ပြောင်းလဲတတ်ရပါမယ်။ သမီး ပထမဆုံးတွေးမိတာက သမီးမှာရှိတဲ့ အဝတ်အစားတွေနဲ့ ဘယ်လို လုပ်ရမလဲ။ သင်္ဘောပေါ်မှာ အစားအစာလုံလောက်ရဲ့ လားဆိုတာပါပဲ” လို့ကျောင်းသူလေး အန်နာ မာအက်ဂျီက ပြောပါတယ်။

နယ်သာလန်မှာ လူစုလူဝေးများတဲ့ နေရာတွေကို ကန့်သတ်ထားတဲ့အတွက် သင်္ဘောဆိပ်ကနေ ကားနဲ့လာကြိုနေတဲ့ မိဘတွေဆီကို တစ်ယောက်ချင်း ထွက်ခွာခဲ့ကြရပါတယ်။ သူတို့တွေ အတ္တလန္တိတ်သမုဒ္ဒရာကို မဖြတ်သန်းခင်မှာ Saint Lucia ကျွန်းမှာ အဝတ်အထည်တွေအပါအဝင် လိုအပ်တဲ့ပစ္စည်းတွေကို သိုလှောင်ထားခဲ့ရပါတယ်။ ကျောင်းသား/သူတွေက ပင်လယ်ရေကြောင်းခရီးရှည်မသွားဘူးတဲ့အတွက် မုတ်သုံရာသီအတွက် ပြင်ဆင်မှုတွေလုပ်ခဲ့ကြရပါတယ်။ Azores မှာ ကမ်းကပ်ရပ်နားစဉ်အတွင်းမှာ သူတို့တွေကို ဒေသတွင်းအာဏာပိုင်တွေက သင်္ဘောပေါ်ကနေ ထွက်ခွာခွင့်မပြုခဲ့ကြပါဘူး။

Lotte ဆိုတဲ့ ကျောင်းသူလေးကတော့ လေကြောင်းခရီးရဲ့ အခက်အခဲတစ်ခုက လူ (၄၀) နဲ့ နီးနီးကပ်ကပ် ပိတ်လှောင်ထားသလိုဖြစ်ပြီး အေးချမ်းမှုနည်းတယ်လို့ ပြောပါတယ်။ စာလေ့လာတာနဲ့ ဂိမ်းဆော့တာအပြင် သူက မနက် (၃) နာရီကနေ (၆)နာရီထိ မျက်ခြေမပျက်စောင့်ကြည့်ပေးဖို့ကူညီပေးခဲ့ပါတယ်။ ညနေခင်းမှာတော့ သင်္ဘောပေါ်မှာ “Happy Hour” လို့ရည်ညွှန်းရလောက်တဲ့ ပျော်စရာရှိပါတယ်လို့ သူကဆိုပါတယ်။

Ref: Dutch students sail home across the Atlantic due to coronavirus

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top