ငါးရွက်တိုက်ဟာ တစ်နာရီ ၆၈ မိုင်နှုန်းအထိ ကူးခတ်နိုင်ပြီး ကမ္ဘာပေါ်မှာ အမြန်ဆုံး ရေနေသတ္တဝါ ဖြစ်ပါတယ်။ ပြောင်ချောတဲ့ သားရေ၊ လေခွင်းအားကောင်းတဲ့ ခန္ဓာကိုယ် အချိုးအစား၊ ယပ်အားကောင်းတဲ့ အမြီး၊ မှိန်းပုံသဏ္ဍာန် နှုတ်သီးရှိတဲ့ ငါးရွက်တိုက်ဟာ သဘာဝကပေးတဲ့ မြန်နှုန်းကို ပိုင်ဆိုင်ထားလို့လည်း အခြားသတ္တဝါတွေကို ကိုက်ဖြတ်စားသောက်နိုင်တဲ့ သက်ရှိတစ်ကောင် ဖြစ်နေတာပါ။
ကျောကုန်းမှာရှိတဲ့ ရွက်တိုင်ပုံစံ ဆူးတောင်ဟာ သားကောင် လိုက်ဖမ်းတဲ့အချိန်မှာ ရုတ်တရက် လမ်းကြောင်းပြောင်း ချိုးကွေ့မှုတွေ လုပ်နိုင်ဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဝေလငါးနဲ့ လင်းပိုင်တွေဟာလည်း မြန်ဆန်တဲ့ ရေနေသတ္တဝါတွေ ဖြစ်ကြပေမဲ့ ငါးမျိုးစိတ်တွေထဲမှာတော့ ငါးရွက်တိုက်ကို အမြန်နှုန်းကို ယှဉ်နိုင်တဲ့ငါး မရှိပါဘူး။
ငါးရွက်တိုက်တွေထဲမှာ အတ္တလန္တိတ်မျိုးစိတ်နဲ့ အင်ဒို-ပစိဖိတ်မျိုးစိတ်ဆိုပြီး ငါးရွက်တိုက်မျိုးစိတ် နှစ်ခု ကွဲပြားပါတယ်။ ငါးရွက်တိုက်တွေရဲ့ အမြန်နှုန်းဟာ ကုန်းပေါ်မှာ အမြန်ဆုံးသတ္တဝါဖြစ်တဲ့ ချီတာတွေရဲ့ အမြန်နှုန်းနဲ့တောင် တူညီနေတာပါ။
Ref: Sailfish, the fastest marine animal
NZ ( ရိုးရာလေး)

