သင်ရဲ့အမူအကျင့်ကပြောပြနေတဲ့ သင့်အကြောင်းတွေ

business-and-style-PAKGNWS.jpg

ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအကြိမ်တွေ့ကြတဲ့အခါ တစ်ဖက်လူရဲ့အပြုအမူကိုကြည်ပြီး ဒီလူက ရိုးသားဖြောင့်မတ်တဲ့သူလား။ ဥာဏ်ပညာကြီးရင့်တဲ့သူလား။ ဒါမှမဟုတ် ညှာတာထောက်ထားစိတ်ရှိတဲ့သူလား ဆိုတာတွေကို အကဲခတ်နိုင်ဖို့ ကြိုးစားတတ်ကြပါတယ်။

အလုပ်အင်တာဗျူးမှာပဲဖြစ်ဖြစ်၊ ပထမဆုံးအကြိမ် ဒိတ်လုပ်တဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ အသေးအမွှားကိစ္စလေးတွေမှာကအစ အပြုအမူ၊ အပြောအဆိုတွေက အရေးကြီးပါတယ်။

၁။ ကိုယ်၊ နှုတ် အမူအရာ

တစ်စုံတစ်ယောက်နဲ့ စကားပြောနေတဲ့အချိန်မှာ လက်သည်းကိုက်တတ်တာ၊ လက်ယှက်ထားတတ်တာ၊ ခြေထောက်ကစားတတ်တာတွေနဲ့ အချိန်ရှိတိုင်း ကိုယ့်အသားကိုယ်ပြန်ထိနေတတ်တာမျိုးတွေက သင့်ရဲ့စိတ်လှုပ်ရှားလွယ်ပြီး ချုပ်တည်းနိုင်စွမ်းမရှိတဲ့ စိတ်ကြောင့်ပါ။ ဒီအမူအကျင့်တွေကို ဘယ်တော့မှ လိုအင်မပြည့်နိုင်တဲ့သူမျိုးတွေဆီမှာလည်း တွေ့ရတတ်ပါတယ်။ သူတို့ ကပျက်ကချော်လုပ်ချင်တဲ့အခါမျိုးမှာနဲ့ တစ်ဘက်သူကို ပျင်းရိတဲ့အခါမျိုးတွေမှာ ပြုလုပ်တတ်ပါတယ်။

၂။ သင်ဝတ်တတ်တဲ့ အကျီၤအရောင်

ကိုယ်ဝတ်တတ်တဲ့ အကျီၤအရောင်နဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ခန့်မှန်းလို့ရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အနက်ရောင်ကို မကြာခဏရွေးချယ်ဝတ်ဆင်တတ်တဲ့သူတွေဟာ ဆတ်ဆတ်ထိမခံနဲ့ အကြောင်းအရာတစ်ခုကို ခရေစေ့တွင်းကျ လေ့လာတတ်သူတွေဖြစ်ပြီး အနုပညာပိုင်းမှာလည်း ထူးချွန်သူတွေဖြစ်ကြပါတယ်။ ဘဝရဲ့အရသာကို ကောင်းကောင်းကြီးခံစားပြီး ကိုယ်လိုချင်တဲ့ပန်းတိုင်ကို မရမကရောက်အောင် သွားတတ်သူတွေကတော့ အနီရောင်ကို နှစ်သက်ကြပါတယ်။ အစိမ်းရောင်ကိုချစ်ကြသူတွေကတော့ သစ္စာရှိပြီး ကြင်နာတတ်ကြပါတယ်။ သင်ကအဖြူရောင်ကိုမှ မကြာခဏရွေးချယ်ဝတ်ဆင်တတ်သူဆိုရင်တော့ စည်းရုံးနိုင်စွမ်းနဲ့ ကျိုးကြောင်းဆီလျော်အောင် တွေးတောကြံဆနိုင်စွမ်းရှိတဲ့သူပါ။ အပြာရောင်နဲ့ အရောင်ငြိမ်ငြိမ်လေးတွေကိုမှ သဘောကျတယ်သူတွေဟာ ဆတ်ဆတ်ထိမခံကြပေမယ့် သူတစ်ပါးကို ညှာတာထောက်ထားစိတ်ရှိကြပါတယ်။

၃။ သင်စီးတဲ့ဖိနပ်

စိတ်ပညာရှင်တွေက သင်စီးတဲ့ဖိနပ်ကိုကြည့်ပြီး သင်ဘယ်လိုလူလဲဆိုတာ အကဲခတ်လို့ရတယ်ဆိုပြီး ယုံကြည်ကြပါတယ်။ ဖိနပ်ရဲ့ဈေးနှုန်း၊ ဒီဇိုင်း၊ အရောင်နဲ့ ပုံစံတွေကိုကြည့်ပြီး သင့်ရဲ့လစာ၊ ကျား/မစိတ်ဝင်စားမှုနဲ့ အသက်အရွယ်တွေအထိ ခန့်မှန်းနိုင်ပါတယ်။

၄။ လက်ရေး

စာရွက်ပေါ်ဘယ်လောက်အားနဲ့ ဖိရေးတတ်တာလဲဆိုတာကိုကြည့်ပြီး သင့်ရဲ့စိတ်ထဲ ဒေါသထွက်နေလား။ အေးချမ်းနေလားဆိုတာကို သိနိုင်တယ်လို့လည်း ယုံကြည်ကြပါတယ်။ ရှက်တတ်တဲ့သူလား၊ ပွင့်လင့်တဲ့သူလားဆိုတာကိုတော့ သင်ရဲ့လက်ရေးလက်သား အစောင်း၊အတည့်ပေါ်မူတည်ပြီး ခန့်မှန်းလို့ရပါတယ်။ အဖွဲ့အစည်းနဲ့ပတ်သတ်လို့ ထားတတ်တဲ့ သင်ရဲ့အယူအဆတွေကိုလည်း သပ်သပ်ရပ်ရပ်ရေးထားတာလား။ ဖြစ်ကတတ်ဆန်းရေးထားတာလား ဆိုတဲ့လက်ရေးကနေတစ်ဆင့် လေ့လာနိုင်ပါတယ်။

၅။ မျက်လုံးချင်းဆုံတဲ့အခါ

တစ်ယောက်ယောက်နဲ့စကားပြောနေချိန် မျက်လုံးချင်းမဆုံရဲတဲ့သူဟာ ကိုယ်ပိုင်ထိန်းချူပ်နိုင်စွမ်းမရှိတဲ့သူ၊ အားနည်းချက်ရှိတဲ့သူအဖြစ် ကျွန်တော်တို့သိပြီးသားပါ။ ပွင့်လင်းပြီး ယုံကြည်ချက်ရှိတဲ့သူတိုင်းဟာ ရှက်ရွံတတ်သူတွေထက် မိမိစကားပြောနေတဲ့သူရဲ့ မျက်လုံးကိုကြာကြာကြည့်နိုင်သလို ပိုပြီးလည်း အာရုံစူးစိုက်နိုင်ကြပါတယ်။ ယေဘုယျအားဖြင့် အပေါင်းအဖော် ဒါမှမဟုတ် လုပ်ဖော်ကိုင်ဖတ်တွေနဲ့ ကြာကြာ မျက်လုံးချင်းဆုံရဲသူတွေဟာ ယုံကြည်ချက်ပိုရှိကြသူတွေဖြစ်ပြီး လူ့ဘောင်အဖွဲ့အစည်းမှာလည်း ဩဇာကြီးမားကြသူတွေ ဖြစ်ပါတယ်။

Ref : newsrepublic “Your personality is based on these 5 things”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top