လစာကောင်းတဲ့ ကောလိပ်ဒီဂရီများ (သို့) ဝင်ငွေအမြင့်ဆုံး အလုပ်အကိုင်များ

best-and-worst-paying-masters-degrees.jpg

ဆယ်တန်းပြီးလို့ တက္ကသိုလ်စတက်ရတော့မယ်ဆိုတာနဲ့ မြန်မာနိုင်ငံမှာတော့ ကိုယ်ရထားတဲ့ တက္ကသိုလ်ဝင်တန်းဆိုတဲ့ အမှတ်ကြီးကိုကြည့်ပြီး ဘယ်လိုင်းရွေးမလဲဆိုတာကို ပထမဆုံးစဉ်းစားကြရတာပေါ့နော်။

အဲဒီတော့ဘယ်လိုရွေးကြလဲ။ ခေါင်းထဲအရင်ရောက်လာတာကဘာလဲ။ ဦးဆုံးတော့ ဝါသနာပေါ့။ (၄) နှစ်၊ တချို့တက္ကသိုလ်တွေဆို (၆) နှစ်လောက်တက်ရမှာကို ဒီနှစ်တွေထဲ ငါ့ဝါသနာနဲ့ မကိုက်ညီဘဲတက်လိုက်မိရင် တောင့်ခံနိုင်ပါ့မလားဆိုပြီး စဉ်းစားတတ်ကြပါတယ်။

ဒုတိယတစ်ခုကတော့ လက်ရှိရေပန်းစားနေတဲ့ အလုပ်အကိုင်တွေကဘာလဲပေါ့။ ဒါကကျောင်းပြီး ဝင်ရမယ့်အလုပ်ခွင်နဲ့လည်းဆက်စပ်နေပါသေးတယ်။ မိုးပျံအောင်ကျောင်းစရိတ်တွေအကုန်အကျခံထားပြီး ကိုယ်အလုပ်လုပ်မယ့်နိုင်ငံရဲ့ အနေအထားနဲ့မကိုက်ညီဘူး၊ အံဝင်ခွင်ကျဖြစ်မနေဘူးဆိုရင်လည်း အလကားပါပဲ။ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းတာပဲ အဖတ်တင်တာပေါ့နော်။

ဆိုတော့ ရိုးရာလေးပရိတ်သတ်တွေကိုလည်း စာရေးသူက ယောင်လည်လည်နဲ့ ရွေးချယ်မှုမမှားစေချင်ပါဘူး။ ပြောချင်တာက တစ်နေရာထဲကိုပဲလည်း ကွက်ပြီးမကြည့်ပါနဲ့။ ဒီနိုင်ငံမှာ ဒါတွေခေတ်စားနေပေမဲ့ တစ်ချိန်ခုလိုပြည်ပအလုပ်အကိုင်အခွင့်အလမ်းတွေ ဒလဟောများပြားလာတဲ့ခေတ်ကြီးမှာ ကိုယ့်အရည်အချင်းရှိသလောက် မျက်စိဖွင့်၊ နားစွင့်ထားပြီး ရွေးချယ်တတ်ဖို့လိုပါတယ်။

ဒါကြောင့်မို့လို့ နိုင်ငံတကာမှာ ဝင်ငွေအမြင့်ဆုံးအလုပ်အကိုင်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ ကောလိပ်ဒီဂရီတွေအကြောင်းကို စာရေးသူက ဒီဆောင်းပါးလေးကနေတစ်ဆင့် ပြောပြပေးချင်ပါတယ်။

လစာအမြင့်ဆုံး ကောလိပ်ဒီဂရီ (၁၀) မျိုး

အခုဖော်ပြပေးမယ့်စာရင်းဟာ National Association of Colleges and Employers (NACE) ကနေ US က ကောလိပ်စင်တာ (၂၀၀) ကျော်ကို စစ်တမ်းကောက်ယူထားပြီး တရားဝင်ဖော်ပြပေးထားတဲ့ အချက်အလက်တွေပဲဖြစ်ပါတယ်။

– ရေနံ အင်ဂျင်နီယာ (Petroleum Engineering) (အမေရိကန်ဒေါ်လာ 86,220)

– ဓာတု အင်ဂျင်နီယာ (Chemical Engineering) (အမေရိကန်ဒေါ်လာ 65,142)

– ဓာတ်သတ္တုတူးဖော်ခြင်းနှင့် တွင်းထွက်ဓာတ်သတ္တု အင်ဂျင်နီယာ (Mining & Mineral Engineering incl. Geological) (အမေရိကန်ဒေါ်လာ 64,552)

– ကွန်ပျူတာ သိပ္ပံ (Computer Science)(အမေရိကန်ဒေါ်လာ 61,205)

– ကွန်ပျူတာ အင်ဂျင်နီယာ (Computer Engineering) (အမေရိကန်ဒေါ်လာ 60,879)

– လျှပ်စစ် အင်ဂျင်နီယာ (Electrical/Electronics & Communications Engineering) (အမေရိကန်ဒေါ်လာ 59,074)

– စက်မှု အင်ဂျင်နီယာ (Mechanical Engineering) (အမေရိကန်ဒေါ်လာ 58,392)

– ကုန်ထုတ် အင်ဂျင်နီယာ (Industrial/Manufacturing Engineering) (အမေရိကန်ဒေါ်လာ 57,734)

– လေကြောင်းနှင့် အာကာသပညာ အင်ဂျင်နီယာ Aerospace/Aeronautical/Astronautical Engineering (အမေရိကန်ဒေါ်လာ 57,231)

– သတင်းအချက်အလက်နည်းပညာသိပ္ပံ (Information Sciences & Systems) (အမေရိကန်ဒေါ်လာ 54,038) ဆိုပြီး အသီးအသီးရှိကြပါတယ်။

တစ်ခုရှိတာက ဒါတွေအားလုံးဟာ အလုပ်စစဝင်ချင်း ပျှမ်းမျှလစာလေးတွေပါ။ ကိုယ့်ရဲ့အရည်အချင်း၊ လိုအပ်ချက်၊ အလုပ်လုပ်တဲ့နေရာနဲ့ လုပ်သက် အတွေ့အကြုံတွေပေါ်မူတည်ပြီး လစာက အမျိုးမျိုးပြောင်းလဲသွားနိုင်ပါတယ်။ သိထားရမှာကတော့ ခုပြောပြပေးခဲ့တဲ့အလုပ်အကိုင်တွေက နိုင်ငံတကာမှာတော့ ဂဏန်းခြောက်လုံးလောက်ရဖို့ အသာလေးဆိုတာကိုပါပဲ။

ဒါနဲ့စကားမစပ် ဒီကအင်ဂျင်နီယာတွေ လစာနည်းတယ်၊ လစာနည်းတယ်လို့အော်နေကြပေမယ့် ကမ႓ာတစ်ဝှမ်းလုံးမှာတော့ အင်ဂျင်နီယာတွေကချည်း ထိပ်တန်းကနေရာယူထားကြတယ်နော်။ ရိုးရာလေးပရိတ်သတ်တို့ရဲ့ အမြင်လေးတွေကိုလည်း comment မှာပြောပေးသွားကြပါဦး။ အပြန်အလှန်ဆွေးနွေးကြည့်ကြတာပေါ့ဗျာ။

Ref : cashmoneylife “Highest Paying College Degrees – Top 10 Jobs Based on Starting Salary”

Po Mo Htoo Aung (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top