ကျောင်းတွေပြန်ဖွင့်ပြီ

schoolopen01.jpg

အခြေခံပညာအထက်တန်းအဆင့်ကျောင်းတွေကို ဇူလိုင် ၂၁ ရက်ကနေစတင်ပြီး ကျန်းမာရေးကိုက်လိုင်း တွေနဲ့အညီ ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

အစိုးရက သတ်မှတ်ထားတဲ့ ကျန်းမာရေးကိုက်လိုင်း၊ စံချိန်စံညွှန်းတွေနဲ့ ပြည့်စုံမှု ရှိ၊ မရှိကို မြေပြင်ကွင်းဆင်း စစ်ဆေးပြီး ပြည့်စုံမှုရှိတဲ့ ကျောင်းတွေကိုပဲ ပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ကနဦးအနေနဲ့ အခြေခံပညာအထက်တန်းအဆင့်ကိုသာ ဖွင့်လှစ်ခဲ့တာဖြစ်ပြီးတော့ ကျန်ရှိတဲ့ အတန်းတွေ ဖြစ်တဲ့ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်တွေကို တစ်ဆင့်ချင်း ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အခြေခံပညာအထက်တန်းအဆင့်ကျောင်းပေါင်း ၆၁၇၁ ကျောင်း ကို ပြန်လည်ဖွင့်လှစ်မှာဖြစ်တယ်လို့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

အဲဒီကျောင်းတွေထဲမှာ ကိုယ်ပိုင်အထက်တန်းကျောင်း ၁၀၀၀ နဲ့ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၄ ကျောင်း ပါဝင်တယ်လို့လည်း ဆိုထားပါတယ်။

အခုလို ပြန်လည်ဖွင့်လှစ်တဲ့ကျောင်းတွေထဲမှာ ဘော်ဒါဆောင်တွေ၊ ဘော်ဒါဆောင်နဲ့တွဲရက် သို့မဟုတ် ဘော်ဒါဆောင်နဲ့ချိတ်ဆက်ထားတဲ့ ကိုယ်ပိုင်ကျောင်းတွေ၊ ကျူရှင်တွေ မပါဝင်သေးပါဘူး။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply