မိမိ စိတ်တိုင်းကျ စမတ်ဖုန်း သုံးစွဲမှု အတွေ့အကြုံကောင်းများ ရရှိစေရန် ဖုန်းရွေးချယ်ရာမှာ ထည့်သွင်း စဉ်းစားရမယ့် အချက်များ

A92-Main-Photo-1.jpg

စမတ်ဖုန်းများက အခုခေတ်မှာ လူသုံးအများဆုံး နည်းပညာဆိုင်ရာ ပစ္စည်း ဖြစ်လာပြီး တစ်နေ့တာတွင် မရှိမဖြစ် အရေးပါသော နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။ နည်းပညာ ပြောင်းလဲ တိုးတက်လာမှုနှင့် အတူ မတူညီတဲ့ အားသာချက်များနှင့် စမတ်ဖုန်း အမျိုးအစားများစွာလည်း ဈေးကွက်တွင် နေရာ ယူလာကြပါတယ်။ IOS နှင့် Android မှ စပြီး ဈေးနှုန်း၊ ကင်မရာ၊ ဒီဇိုင်းစတဲ့ ရွေးချယ်စရာ များပြားလှတဲ့ ဖုန်းများထဲတွင် မိမိ လိုအပ်ချက်နှင့် ကိုက်ညီပြီး စိတ်တိုင်းကျတဲ့ စမတ်ဖုန်းကို မှန်ကန်စွာ ရွေးချယ်နိုင်စေဖို့ အထောက်အကူ ဖြစ်စေရန်အတွက် အောက်ပါ အခြေခံ ဖုန်းစွမ်းဆောင်မှု အချက်အလက်များကိုလည်း ထည့်သွင်း စဉ်းစားရန် လိုအပ်ပါတယ်။

မည်သည့် ဖုန်းသုံးစွဲသူမဆို အဓိကထား စဉ်းစားရမယ့် ပထမအချက်မှာ ဖုန်းကို ကြာရှည်ခံမှုပဲဖြစ်ပါတယ်။ မည်မျှ ကောင်းမွန်တဲ့ ဖုန်းပဲဖြစ်စေ ဖုန်းအား ခဏလေးနဲ့ကုန်နေပါက သုံးစွဲလို့ မရဖြစ်ကာ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဖုန်း ဘက်ထရီအားကို milliampere-hours (mAh) နှင့် တိုင်းတာပြီး အခု ဈေးကွက်ရှိ ဖုန်းများမှာ ပျမ်းမျှ 4000 mAh ဝန်းကျင် ပါဝင်လာကြပါတယ်။ ဖုန်းနှင့် အဓိက အလုပ်လုပ်ကိုင်သူများနှင့် ဂိမ်းကစားရသည်ကို နှစ်သက်သူများအတွက်မူ ဖုန်းကို ပိုမိုကြာရှည်ခံမည့် 5000 mAh ဖုန်းများကို ရွေးချယ်နိုင်ပါတယ်။ ဖုန်းဘက်ထရီသာမက အခုအခါ အားသွင်း စနစ်ကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါတယ်။ ဖုန်း ပူခြင်း မရှိ လုံခြုံစိတ်ချစွာနှင့် အမြန်ဆုံး အားသွင်းနိုင်တဲ့ စနစ်ပါရှိသည့် ဖုန်းများမှာ ပိုမိုအဆင်ပြေနိုင်ပါတယ်။

ဖုန်း ရွေးချယ်ရန် Operating System၊ Processor နှင့် ထည့်သွင်းနိုင်မှု ပမာဏ (RAM/ROM) တို့မှာလည်း အရေးကြီးတဲ့အချက်များဖြစ်ပါတယ်။ Operating Systemမှာ IOS နှင့် Android တို့တွင် ကိုယ်စီ ကောင်းသောအချက်များရှိကာ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ Android ကြိုက်သူများမှာ ကောင်းမွန်တဲ့ ဖုန်းသုံးစွဲမှု အတွေ့အကြုံများအတွက် နောက်ဆုံး ထွက်ရှိထားတဲ့ Android 10 ပါဝင်သော ဖုန်းများကို ဦးစားပေး ရွေးချယ်သင့်ပါတယ်။ ထို့အတူ Operating System ကို အထောက်အကူပေးနိုင်တဲ့ Processor များကလည်း ဖုန်း စွမ်းဆောင်မှုကို တစ်ဆင့် မြှင့်တင်ပေးမှာဖြစ်ပါတယ်။

Snapdragon၊ MediaTek တို့မှာ ဈေးကွက်တွင်း စိတ်ချရသော Processor များဖြစ်ပါတယ်။ ဂိမ်းကစားသူများနှင့် App များကို စိတ်ကြိုက်သုံးနိုင်ရန် RAM 4GB မှာ လုံလောက်တဲ့ ပမာဏဖြစ်ပြီး ထစ်ငေါ့မှု၊ ဖုန်းဟန်းမှုများ မရှိဘဲ App များ၊ ဂိမ်းများ အများအပြားကို တစ်ပြိုင်နက် အသုံးပြုရာတွင် အဆင်ပြေနိုင်ရန် RAM 8GB ပါဝင်သော ဖုန်းများကို ရွေးချယ်နိုင်ပါတယ်။

Phone Storage များလျှင် များသလို ပိုအဆင်ပြေပြီး ဖုန်းတွင် သီချင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများ စိတ်ကြိုက်ထည့်သွင်းနိုင်သည့်အပြင် ဖုန်း အသုံးပြုနေစဉ် ရပ်တန့်ခြင်း မရှိစေဘဲ ပိုမို အဆင်ပြေ ချောမွေ့စေပါတယ်။ ဒါ့အပြင် အခုအခါ ဖုန်းနှင့် ရုပ်ရှင်ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့ကို အများအပြား လုပ်ဆောင်လာကြတဲ့အတွက် ကောင်းမွန်တဲ့ ဖုန်း Display နှင့် Sound System ကိုလည်း အလေးထား စဉ်းစား ရွေးချယ်ရန် လိုအပ်ပါတယ်။ ဓာတ်ပုံ ဝါသနာရှင်များအတွက် ဖုန်းကင်မရာ စွမ်းဆောင်ရည်တို့ကို ရွေးချယ်ဖို့ လိုအပ်ပြီး ဈေးနှုန်း၊ ဖုန်း Design၊ Unlock System စတဲ့မိမိနှင့် ကိုက်ညီတဲ့ ဖုန်း ရရှိနိုင်ရန် ထည့်သွင်းစဉ်းစားရမှာဖြစ်ပါတယ်။

အထက်ပါ အချက်အလက်များနှင့် ပြည့်စုံပြီး ဈေးနှုန်းသင့်တင့်သော ဖုန်းကို အလိုရှိတယ်ဆိုရင်တော့ အခု ဈေးကွက်တွင် အသစ်ဝင်ရောက်လာတဲ့ OPPO A92 ကလည်း ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။ ကြာရှည်စွာ သုံးစွဲနိုင်မည့် 5000 mAh နှင့် အတူ 18W Fast Charge (9V 2A) ပါဝင်တာကြောင့် 0-50% ကို ၄၅ မိနစ်အတွင်း အားသွင်းနိုင်မှာဖြစ်ပြီး ကြီးမားတဲ့ Storage ပမာဏ 8GB RAM + 128GB ROM နှင့်အတူ ကောင်းမွန်တဲ့ စွမ်းဆောင်မှုများလည်း ပါဝင်ပါတယ်။

ဒါ့အပြင် Qualcomm Snapdragon 665 (64-bit capable octa-core CPU) နှင့် Color OS 7.1 (Android 10) တို့ ပါဝင်ပြီး Hyperboost လည်း ပါဝင်သဖြင့် ဖုန်းနှင့် ဂိမ်းကစားရာတွင် ပိုမိုကောင်းမွန်ချောမွေ့မှုကိုလည်း ထပ်တိုး ရရှိမှာဖြစ်ပါတယ်။ Screen-to-body Ratio: 90.5% ရှိပြီး သာမာန်ထက်ကျယ်သော 6.5-inch LCD Blind Hole Screen တွင် 1080P Neo-Display (Display Resolution: FHD + (2400 × 1080) ရရှိသည့်အပြင် ထူးခြားကောင်းမွန်တဲ့ အသံစွမ်းဆောင်မှု အတွေ့အကြုံကို ပေးသော Dual Stereo Speaker + Dirac 2.0 လည်း ပါဝင်တာကြောင့် ဗီဒီယို ကြည့်ခြင်း၊ ဂိမ်းကစားခြင်းတို့တွင် သာမန်ထက် ပိုမိုကောင်းမွန်တဲ့ အရည်အသွေးကို ခံစားနိုင်ပါတယ်။

OPPOရဲ့ အစဉ်အလာအတိုင်း အဆင့်မြင့် အရည်အသွေးနှင့် AI Quad Camera တို့ကို ကျောဘက်မှာ 48MP+8MP+ 2MP + 2MP ပါရှိပြီး ရှေ့ကင်မရာတွင် 16MP Selfie ကင်မရာ ပါဝင်တာကြောင့် အရောင်အသွေးစုံလင်တဲ့ ပုံရိပ်များကို မည်သည့်အလင်း‌ရောင်တွင်မဆို မှတ်တမ်းတင်နိုင်ပါတယ်။ ကိုယ်တွယ်မှု ကောင်းမွန်တဲ့ ဒီဇိုင်း 3D Curve Body နှင့် Screen တွင် လက်ရာမထင်အောင် ပြုလုပ်ပေးထားတဲ့ Side Fingerprint Unlock စနစ် ပါရှိပါတယ်။ OPPO A92 ကို Aurora Purple (ခရမ်းရောင်ပြေး) နှင့် Twilight Black (အနက်ရောင်) ဆိုပြီး ဆန်းသစ်လှပတဲ့ အရောင် (၂) ရောင်ဖြင့် ရရှိမှာဖြစ်ပြီး မြန်မာ‌ကျပ်ငွေ ၃၇၉,၉၀၀ ကျပ် ဖြင့် မြန်မာနိုင်ငံမှ အမြို့မြို့အနယ်နယ်ရှိ အရောင်းဆိုင်များနှင့် shop.com.mm ( https://www.shop.com.mm/shop/oppo ) တို့မှာ ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top