အားလပ်ရက်မှာ ချစ်သူနဲ့အတူသွားစားသင့်တဲ့ ဖက်ထုပ်ကြော်

51997974_774728172908162_2837437553890557952_n.jpg

ချစ်သူစုံတွဲတွေအနေနဲ့ အားလပ်ရက်မှာ အပြင်လျှောက်လည်ရင်း မုန့်အတူစားဖို့ ဆိုင်ရွေးရင် အငြင်းအခုံလုပ်ရတတ်ကြပါတယ်။ ဒါ့ကြောင့် ဒီတစ်ပတ်မှာတော့ ရိုးရာလေးက ဖက်ထုပ်ကြော်/ပြုတ်သွားစားဖို့ အကြံပေးပါရစေ။ ဖက်ထုပ်ဆိုတာကတော့ ကြက်/၊ဝက်သား နှစ်မျိုးနဲ့ စားသုံးနိုင်ပါတယ်။ များသောအားဖြင့် ကြွပ်ကြွပ်ရွရွလေးနဲ့ အရသာရှိတဲ့ ဖက်ထုပ်ကြော်ကို ပိုစားတတ်ကြပြီး ကျန်းမာရေးလိုက်စားတဲ့သူ၊ ကိုယ်အလေးချိန်လျော့ချနေသူတွေကတော့ ဖက်ထုပ်ပြုတ်ကို စားသုံးနိုင်ပါတယ်။

ဖက်ထုပ်ဟာ တရုတ်အစားစာတစ်မျိုးဖြစ်ပြီး ပါဝင်တဲ့ပစ္စည်းတွေကတော့ ဂျုံနဲ့လုပ်ထားတဲ့ ဖက်ရွက်၊ ကြက်/ဝက်သား၊ ကြက်သွန်မြိတ်၊ ကြက်ဥ၊ ဆား၊ ကြက်သားမှုန့်၊ ကော်မှုန့်၊ သကြား၊ နှမ်းဆီ တို့ပဲဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ကဲ ဒါဆို ဖက်ထုပ်ဆိုင်ကောင်းကောင်းက ရန်ကုန်ရဲ့ဘယ်နားမှာရှိနေလဲ?

ရေကျော်လမ်းပေါ်မှာ မကြာသေးခင်မှ အသစ်ဖွင့်ထားတဲ့ Mr. Kaung ဖက်ထုပ်ဆိုင်နဲ့ မိတ်ဆက်ပေးပါရစေ။ Mr. Kaung ဆိုင်မှာ ဖက်ထုပ်ကြော်/ပြုတ် ပွဲကြီး တပွဲကို ၄၈၀၀ ကျပ်ပါ။ ချစ်သူစုံတွဲတွေအတွက်တော့ နှစ်ယောက်လုံး ဗိုက်ဝအောင် စားနိင်ပါတယ်။ အတွဲမရှိတဲ့ FA တွေအတွက်လည်း စိတ်ပူစရာမလိုပါဘူး။ Mr. Kaung မှာ တစ်ယောက်စာ ၁၈၀၀ ကျပ်တန် ပွဲသေးလည်း ရှိပါသေးတယ်။ ဖက်ထုပ်ဆိုတာက ဝယ်သူလာမှ ချက်ရတဲ့အစားအစာဖြစ်တဲ့အတွက် ဆိုင်မသွားခင် ဖုန်းနဲ့ ကြိုမှာထားဖို့လည်း အကြံပေးပါရစေ။ Mr. Kaung ရဲ့ ဖုန်းနံပါတွေကတော့ 09 788455177 နှင့် 09 788455188 တို့ဖြစ်ပါတယ်။

Mr.Kaung အပြင် ရန်ကုန်မှာ လူကြိုက်များတဲ့ နောက်ထပ်ဖက်ထုပ်ဆိုင်က Cafe House ပါ။ Cafe House ကတော့ အမှတ် ၅၀/၁၀၊ သုမင်္ဂလာလမ်း၊ သင်္ကန်းကျွန်းမြို့နယ်မှာတစ်ဆိုင်၊ မြို့ထဲမှာဆိုရင်တော့ မင်းရဲကျော်စွာလမ်းနဲ့ဖိုးရာဇာလမ်းထောင့်၊ လမ်းမတော်မြို့နယ်မှာရှိပါတယ်။

ဒါဆို အားလပ်ရက်မှာ ချစ်ရသူတွေနဲ့ အတူလျှောက်လည်ပြီး မုန့်အတူတူစားမယ်ဆိုရင် ဖက်ထုပ်ပြုတ်/ကြော်သွားစားဖို့ အကြံပေးရင်း ပျော်ရွင်စရာကောင်းတဲ့ အားလပ်ရက်လေးဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

WC (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top