လူသားမျိုးနွယ်ရဲ့ မျိုးဗီဇတစ်ရပ်လုံးကို နှစ်ဘီလျံပေါင်းများစွာ တာရှည်ခံမယ့် 5D memory crystal မှတ်ဉာဏ်ပြားတွင် သိမ်းဆည်း

24.9.2024-yyl-15.png

အနာဂတ်ကာလမှာ လူသားမျိုးနွယ် မျိုးသုဉ်းပျောက်ကွယ်မယ့် ဘေးကနေ လွတ်မြောက်စေဖို့ ရည်ရွယ်ပြီး ဗြိတိန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ လူသားမျိုးနွယ်ရဲ့ မျိုးဗီဇတစ်ရပ်လုံးကို 5D မှတ်ဉာဏ်ပြားထဲ သိမ်းဆည်းနိုင်ခဲ့ပါပြီ။ 5D memory crystal မှတ်ဉာဏ်ပြားကို ဆောက်သမ်တန်တက္ကသိုလ်မှ အလင်းနဲ့ အီလက်ထရောနစ် သုတေသနစင်တာမှ သုတေသီအဖွဲ့က ဖန်တီးခဲ့တာဖြစ်ပြီး သြစတြီးယားနိုင်ငံ ဟောစတက်မြို့မှ Memory of Mankind မော်ကွန်းတိုက်မှာ သိမ်းဆည်းထားပါတယ်။

5D memory crystal မှတ်ဉာဏ်ပြားဟာ သတင်းအချက်အလက် ၃၆၀ တီရာဘိုက် (terabyte)ကို နှစ်ဘီလျံပေါင်းများစွာ သိမ်းဆည်းထားနိုင်ပြီး အေးခဲမှု၊ လောင်ကျွမ်းမှု၊ ထုရိုက်မှု၊ ဓာတ်ရောင်ခြည်သင့်မှုဒဏ်တွေ ခံနိုင်ရည်ရှိပြီး အပူချိန် ၁၀၀၀ ဒီဂရီဆယ်လ်ဆီးယက်စ်အထိ ခံနိုင်ရည်ရှိတယ်လို့ ဆောက်သမ်တန်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ခံနိုင်ရည်အရှိဆုံး ဒီဂျစ်တယ်သိုလှောင်ပစ္စည်းအဖြစ် ၂၀၁၄ ခုနှစ်ကတည်းက ဂင်းနက်စ်စံချိန် ဝင်ခဲ့တာပါ။

အလင်းနဲ့ အီလက်ထရောနစ်ပညာရပ်ဆိုင်ရာ ပါမောက္ခ ကာဇန်စကီး ဦးဆောင်တဲ့အဖွဲ့ဟာ မြန်နှုန်းမြင့်လေဆာရောင်ခြည်တွေ အသုံးပြုပြီး လူသားမျိုးနွယ်ရဲ့မျိုးဗီဇကို 20 နန်နိုမီတာ(နန်နိုမီတာမှာ တစ်မီတာရဲ့ တစ်ဘီလျံပုံ တစ်ပုံဖြစ်သည်)အကျယ်အဝန်းမှာ ရေးထွင်းမှတ်သားခဲ့တာပါ။ အချက်အလက်တွေကို အလျား၊ အနံ၊ အမြင့်၊ ဦးတည်ချက်၊ တည်နေရာ စတဲ့ နန်နိုဖွဲ့စည်းပုံရဲ့ အတိုင်းအထွာ ၅ ခုအဖြစ် ပြောင်းလဲမှတ်သားထားတာဖြစ်လို့ 5D လို့ ခေါ်ဆိုတာဖြစ်ပါတယ်။

မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ရှိနေတဲ့ အပင်တွေ၊ တိရစ္ဆာန်မျိုးစိတ်တွေရဲ့ မျိုးဗီဇတွေကိုလည်း
5D memory crystal မှတ်ဉာဏ်ပြားကို မှတ်သားသွားဖို့ ရှိနေပါတယ်။

Ref: Scientists store entire human genome on ‘memory crystal’ that could survive billions of years
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top