မြေယာပိုင်ဆိုင်မှု အငြင်းပွားရာကနေ အကောက်ခွန်ဌာန အရာရှိကို ရုံးခန်းထဲဝင်ပြီး အရှင်လတ်လတ် မီးရှို့သတ်

yyl-004-5.jpg

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ နေထိုင်တဲ့ အကောက်ခွန်ဌာန အရာရှိတစ်ဦးဟာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ဖြစ်ရပ်ကြောင့် ရုံးခန်းထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရပါတယ်။ ဝိဇယရက်ဒီလို့ အမည်ရတဲ့ အကောက်ခွန်ဌာန အရာရှိအမျိုးသမီးဟာ မီးလောင်ဒဏ်ရာတွေကြောင့် အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ရုံးဝန်ထမ်းတစ်ယောက်လည်း မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကွယ်လွန်ခဲ့ပါတယ်။

ဝိဇယရက်ဒီဟာ ပြီးခဲ့တဲ့တနင်္လာနေ့မှာ တရားရုံးကြားနာမှုကနေ ပြန်လာခဲ့ပြီးနောက် တိုက်ခိုက်ခံခဲ့ရတာပါ။ ကေဆူရလို့ အမည်ရတဲ့ အမျိုးသားက ဝိဇယရက်ဒီရဲ့ ရုံးခန်းကို လာရောက်ပြီး စကားပြောခဲ့ပါတယ်။ အခန်းထဲမှာ အော်သံတွေ ကြားလို့ ရုံးဝန်ထမ်းတွေက သွားကြည့်ချိန်မှာ အခန်းတံခါးကို အထဲကနေ ပိတ်ထားမှန်း သိလိုက်ရပါတယ်။ ဝိဇယရက်ဒီက တံခါးဖွင့်ပြီး အပြင်ထွက်လာနိုင်ပေမဲ့ ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့ပြီး တစ်ခန်းလုံး မီးကူးစက်သွားခဲ့ပါတယ်။ ကေဆူရဟာ အနီးနားက ရွာမှာ နေထိုင်တဲ့သူဖြစ်ပြီး သူတို့မိသားစုက မြေယာကိစ္စ အငြင်းပွားမှုကို တရားရင်ဆိုင်နေရပါတယ်။

ဒီဖြစ်ရပ်မှာ ကေဆူရလည်း မီးလောင်ဒဏ်ရာတွေ ရရှိခဲ့ပြီး ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးထားပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် တီလန်ဂါနာပြည်နယ် အကောက်ခွန်ဌာန ဝန်ထမ်းအစည်းအရုံးက ၃ ရက်ကြာ သပိတ်မှောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း တီလန်ဂါနာပြည်နယ် အကောက်ခွန်ဌာန ဝန်ထမ်းတွေကို ပြည်သူတွေက ပစ်မှတ်ထားတိုက်ခိုက်မှု တော်တော်များများ ဖြစ်ပွားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top