အသက်မဲ့နေတဲ့ ရင်သွေးဘေးမှာ မျက်ရည်ကျခဲ့တဲ့ ပင်လယ်ဖျံ မိခင်

seals-mother-crying.gif

သေသွားတဲ့ ရင်သွေးအတွက် ဝမ်းနည်း ပူဆွေးပြီး မျက်ရည်ကျနေတဲ့ ပယ်လယ်ဖျံ မိခင်ရဲ့ ဖြစ်ရပ်ကို ဒေးလီးမေးလ် သတင်းဌာနက ရုပ်သံ မှတ်တမ်းနဲ့ တကွ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံ မှတ်တမ်းမှာ ပင်လယ်ဖျံ မိခင်က အသက်မဲ့နေတဲ့ ရင်သွေးရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ပြီး ပြန်နိုးထလာအောင် ကြိုးပမ်းခဲ့သလို သူ့ရင်သွေးကိုကြည့်ပြီး အသံ တစာစာပြုလို့ မျက်ရည်တွေ စီးကျနေတာ တွေ့ရပါတယ်။ ပင်လယ်ဖျံ အမဟာ ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းမှာ မြင်တွေ့ရလေ့ရှိတဲ့ ပင်လယ်ဖျံ မျိုးစိတ်ဖြစ်ပါတယ်။

ဆန်ဒီယာဂို ကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို သားရဲ တိရစ္ဆာန်အရေး တက်ကြွ လှုပ်ရှားသူ အေ့စ်ဟားန်က ရုပ်သံ မှတ်တမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အေ့စ်ဟားန်က ရုပ်သံ မှတ်တမ်း ရိုက်ပြီး နောက်တစ်နေ့မှာ အဲဒီနေရာကို ထပ်သွားကြည့်ခဲ့တော့လည်း ပင်လယ်ဖျံ သားပေါက် အသေကောင်နားမှာ တဝဲဝဲ လည်လည်လုပ်နေတဲ့ ပင်လယ်ဖျံ မိခင်ကို တွေ့ရတုန်း ပဲလို့ ပြောပါတယ်။

“လူတွေရဲ့ စိတ်ထဲမှာ သား၊ သမီးကို ဆုံးရှုံးလို့ ဝမ်းနည်း ပူဆွေးပြီး ငိုကြွေးတတ်တာ လူဆိုတဲ့ သတ္တဝါ တစ်မျိုးပဲ ရှိတယ်လို့ ထင်တတ်ကြပါတယ်။ ထိခိုက် ကြေကွဲရတဲ့ ဒီရုပ်သံ မှတ်တမ်းမှာ ရင်သွေးဆုံးရှုံးခဲ့ရတဲ့ ပင်လယ်ဖျံ မိခင်ရဲ့ဖြစ်ရပ်က ကျွန်တော်တို့ရဲ့ အတွေးကို လှုပ်နှိုးလိုက်တဲ့ အကြောင်းအရာ ဖြစ်သင့်ပါတယ်”လို့ အေ့စ်ဟားန်က ပြောပါတယ်။ ဒီရုပ်သံ မှတ်တမ်းကို ဖေ့ဘွတ်မှာ ကြည့်ရှုတဲ့ အကြိမ်ရေ ၈၀၀,၀၀၀ ကျော်ရှိခဲ့ပြီး လူမှု ကွန်ယက် အသုံးပြုသူတွေရဲ့ စိတ်နှလုံးကို ကိုင်လှုပ်နိုင်ခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top