ကြောင်ကို လိုက်ရှာရင်း တွင်းပေါက်ထဲ ပြုတ်ကျသွားပုံရတဲ့ အဘွားအိုကို အပူတပြင်းလိုက်လံရှာဖွေနေ

5.12.2024-yyl-1.jpg

ကြောင်ကို လိုက်ရှာရင်း တွင်းပေါက်ထဲ ပြုတ်ကျသွားပုံပေါ်တဲ့ အဘွားအိုတစ်ဦးကို ပင်ဆယ်ဗေးနီးယားပြည်နယ် အာဏာပိုင်တွေက လိုက်လံရှာဖွေလျက်ရှိပါတယ်။ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီး ပိုလတ် ပျောက်ဆုံးနေကြောင်း ဖုန်းဆက်အကြောင်းကြားမှု ရရှိတာကြောင့် လိုက်လံရှာဖွေရာမှာ ပစ်ဘတ်မြို့ အရှေ့တောင်ဘက် မိုင် ၄၀ အကွာမှာ သူ့ကားကို တွေ့ရှိခဲ့တာပါ။

ပိုလက်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ညနေ ၅ နာရီနောက်ပိုင်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး အင်္ဂါနေ့ နံနက် ၃ နာရီအချိန်မှာ သူ့ကားကို တွေ့ရှိခဲ့တာပါ။ ကားထဲမှာ ၅ နှစ်အရွယ် မြေးမလေးကိုလည်း ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပိုလက်ရဲ့ကားကို တွေ့ရှိခဲ့တဲ့နေရာဟာ အရင်က မိုင်းတွင်းဟောင်းတွေရှိရာ နေရာဖြစ်လို့ သူ့အနေနဲ့ တွင်းပေါက်ထဲ ကျသွားတာ ဖြစ်မယ်လို့ ရဲတပ်ဖွဲ့က ယူဆထားကြပါတယ်။

လက်ရှိအချိန်မှာတော့ အရေးပေါ် ဘေးကျရောက်မှုတစ်ရပ်အဖြစ် ထုတ်ပြန်ကြေညာထားပြီး ရှာဖွေရေးအတွက် လိုအပ်တဲ့ လူသူ၊ စက်ကိရိယာအားလုံးလည်း အားဖြည့်ထားလျက်ရှိပါတယ်။ ကားရပ်ထားတဲ့ နေရာကနေ ၁၅ ပေ၊ ပေ ၂၀ လောက်ဝေးတဲ့နေရာမှာ လူတစ်ကိုယ်စာ တွင်းပေါက်တစ်ခု တွေ့ရပြီး ဒီအထဲကို ပိုလက် ကျသွားလို့ တွင်းပေါက် ပေါ်လာတာ ဖြစ်မယ်လို့ ယူဆထားကြပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်ထိတော့ ပိုလက်ရဲ့ အရိပ်အယောင်ကို မတွေ့ရသေးပါဘူး။

Ref: Search underway for Pa. grandmother believed to have disappeared in sinkhole
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top