နောက်နှစ်အော်စကာဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းချက်ကို ငြင်းခဲ့တဲ့ ခရစ် ရော့ခ်

31-8-2022-yyl-01.jpg

ဟာသသရုပ်ဆောင်ခရစ် ရော့ခ်ဟာ ၂၀၂၃ ခုနှစ်ရဲ့အော်စကာဆုပေးပွဲမှာ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပေးဖို့ ကမ်းလှမ်းခံခဲ့ရပေမဲ့ ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ပါတယ်။ အခုနှစ်ဆုပေးပွဲမှာ မင်းသား ဝီလ်စမစ်ရဲ့ပါးရိုက်တာကို ခံခဲ့ရပြီးနောက် (၅) လအကြာမှာ ဒီကမ်းလှမ်းချက်ကို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။

ခရစ်က Stand-up comedy show မှာ ပရိသတ်တွေကို ဒီအကြောင်း ပြောပြခဲ့တယ်လို့ Arizona Republic အမေရိကန်နေ့စဉ်သတင်းစာရဲ့အဆိုအရ သိရပါတယ်။ ဆုပေးပွဲကို ပြန်သွားတာက မှုခင်းဖြစ်ပွားတဲ့နေရာကို ပြန်သွားသလိုမျိုးဖြစ်လိမ့်မယ်လို့ Show ပွဲကြည့်ပရိသတ်တွေကို ခရစ်က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

သူက အမေရိကန်ဘောလုံးသမားဟောင်း အိုဂျေ ဆင်ပ်ဆန်ရဲ့ဇနီးဖြစ်သူ နီကိုးလ်ဘရောင်းဆင်မ်ဆန် အသတ်ခံရပြီး သေဆုံးခဲ့တဲ့အဖြစ်အပျက်ကို ရည်ညွှန်းပြီးတော့ ပြောခဲ့တာပါ။ ဟောလိဝုဒ်ရဲ့ကြီးကျယ်ခမ်းနားတဲ့ညကို ပြန်သွားတာက နီကိုးလ်ဘရောင်းကို စားသောက်ဆိုင်ပြန်သွားဖို့ တောင်းဆိုနေသလိုမျိုးဖြစ်လိမ့်မယ်လို့ ရယ်မောပြီး ပြောသွားခဲ့ပါတယ်။

ခရစ်က ဝီလ်စမစ်ရဲ့ပါးရိုက်တာကို ခံရပြီးတဲ့နောက်မှာ Super Bowl ကြော်ငြာကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့တယ်လို့ သိရပါတယ်။အခုနှစ်အော်စကာပွဲအခမ်းအနားမှာ ဖြစ်ပွားခဲ့တဲ့ ဝီလ်စမစ်နဲ့ ခရစ်ရော့ခ်တို့ကြားက အဖြစ်အပျက်ကတော့ လူမှုကွန်ယက်ပေါ်မှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တာက ပရိသတ်တွေ အသိပါပဲ။ အဲဒီအကြောင်းအပါအဝင် အဲဒီအကြောင်းနဲ့ ဆက်စပ်တဲ့သတင်းတွေကို မသိသေးတဲ့ စာဖတ်ပရိသတ်တွေရှိမယ်ဆိုရင် ဖတ်ရှုလို့ရအောင် သတင်းလင့်ခ်တွေကို ထပ်မံမျှဝေပေးလိုက်ရပါတယ်။

အော်စကာဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ခရစ် ရော့ခ်ရဲ့မျက်နှာကို ရိုက်ခဲ့တဲ့ ဝီလ်စမစ်

The Academy ကနေ နှုတ်ထွက်လိုက်ပြီဖြစ်တဲ့ ဝီလ်စမစ်

အော်စကာဆုပေးပွဲ တက်ရောက်ခွင့် ၁၀ နှစ်တာ ပိတ်ပင်ခံလိုက်ရတဲ့ ဝီလ်စမစ်

ဝီလ်စမစ်နဲ့ ခရစ်ရော့ခ်တို့ ပြန်လည်သင့်မြတ်ဖို့ မျှော်လင့်နေတဲ့ ဂျေဒါ ပင်ကတ် စမစ်

Ref: TheMirror “Chris Rock ‘turned down’ hosting the Oscars next year after Will Smith slap”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top