စတန်းဖို့ဒ်တက္ကသိုလ်ကနေ မာစတာဘွဲ့ ယူနိုင်ခဲ့တဲ့ အသက် ၁၀၅ နှစ်အရွယ် အဘွားအို

25.6.2024-yyl-3.jpg

စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ၂၀၂၄ ခုနှစ် ဘွဲ့နှင်းသဘင်အခမ်းအနားကတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၁၀၅ နှစ်အရွယ် အဘိုးအိုက မာစတာဘွဲ့ အပ်နှင်းခံခဲ့ရတာကြောင့်ပါပဲ။ သူ့ရဲ့ပညာရေးခရီးလမ်းမှာ ကြီးမားတဲ့ အဟန့်အတားတွေ ကြုံခဲ့ရပေမဲ့ ဗာဂျီးနီးယားဟစ်လော့က ဇွဲမလျှော့ခဲ့ဘဲ ရည်မှန်းချက်ကို မဆုတ်မနစ် အကောင်အထည် ဖော်ခဲ့တာပါ။

ဟစ်လော့ဟာ ၁၉၄၀ ပြည့်နှစ်တုန်းက စတန်းဖို့ဒ်တက္ကသိုလ်မှာ ပညာသင်ကြားနေရင်း မာစတာဘွဲ့အတွက် စာတမ်းပြုစုနေခဲ့တာပါ။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အမေရိကန်က ဒုတိယကမ္ဘာစစ်ထဲ ရောက်သွားခဲ့ပြီး သူ့ရဲ့ခင်ပွန်းလောင်း ဂျော့ကလည်း စစ်မှုထမ်းခဲ့ရတာကြောင့် ပညာရေးကို ရပ်နားခဲ့ရပါတယ်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးသွားချိန်မှာတော့ ဟစ်လော့က သင်ကြားရေးလက်မှတ်နဲ့ စာသင်တဲ့အလုပ်ကို နှစ်ရှည်လများ လုပ်ခဲ့ပါတယ်။ တခြားသူတွေရဲ့ ပညာရေးတိုးတက်ဖို့ တစိုက်မတ်မတ် ကြိုးစားအားထုတ်ပေးခဲ့တာပါ။ နှစ်ပေါင်း ၈၀ ကျော် ကြာမြင့်ချိန်မှာတော့ ဟစ်လော့ဟာ တချိန်က သူတက်ခဲ့ဖူးတဲ့ စတန်းဖို့ဒ်တက္ကသိုလ် ပရဝုဏ်ထဲကို တစ်ကျော့ပြန် ခြေချခွင့်ရခဲ့ပြီး သားသမီး၊ မြေး၊ မြစ်တွေနဲ့အတူ မာစတာဘွဲ့ ယူနိုင်ခဲ့တာပါ။

Ref:She Finally Earned Her Stanford Master’s Degree at 105: ‘I’ve waited a long time for this’

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top