TikToker တစ်ယောက်ရဲ့ အကူအညီကြောင့် အိမ်ပြန်ရွေးနိုင်ပြီး အလုပ်မှ အနားယူနိုင်ခဲ့တဲ့ အဘွားအို

11-11-2022yyl07.jpg

ပေါင်ထားတဲ့အိမ်လေး ပြန်ရွေးနိုင်ဖို့ အသက်ကြီးတဲ့အထိ အလုပ်လုပ်နေရတဲ့ အဘွားအိုဟာ TikToker တစ်ယောက်ရဲ့ ကူညီမှုကြောင့် အခုချိန်မှာတော့ အလုပ်ကနေ အနားယူခွင့် ရသွားပါပြီ။ TikToker ဘိုနာဂူရာက Walmart စတိုးရဲ့ နားနေခန်းထဲမှာ တစ်ဦးတည်းထိုင်နေတဲ့ အဘွားအို နိုလာရဲ့ ဗီဒီယိုကို TikTok မှာ တင်ခဲ့ပြီး ” ဘဝက ဒီလောက်တော့ ခက်ခဲမနေသင့်ပါဘူး” လို့ ရေးသားခဲ့တာပါ။

ဒီဗီဒီယိုဟာ ကြည့်ရှုမှုအကြိမ်ရေ ၂၆ သန်းကျော် ရှိခဲ့ပြီး လူတွေရဲ့ တောင်းဆိုမှုအရ ဘိုနာဂူရာက GoFundMe ပေ့ချ် ဖွင့်လှစ်ခဲ့ရာမှာ အလှူရှင် ၁၃,၀၀၀ နီးပါးထံကနေ အလှူငွေ အမေရိကန်ဒေါ်လာ ၁၇၁,၀၀၀ ကျော် ရရှိခဲ့ပါတယ်။

ဒါပေမဲ့ ဘိုနာဂူရာရဲ့ ဗီဒီယိုကြောင့် ခြိမ်းခြောက်မှုတွေ ကြုံခဲ့ရတယ်ဆိုပြီး Walmart စတိုးက အလှူငွေတွေကို အလှူရှင်တွေထံ ပြန်ပေးဖို့ ဘိုနာဂူရာကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘိုနာဂူရာကတော့ အဘွားအို နိုလာအတွက် လှူထားတဲ့ငွေတွေကို ပြန်မပေးနိုင်ဘူး၊ အဘွားအို နိုလာကို လှူမှာပဲလို့ တုံ့ပြန်ခဲ့လို့ အလုပ်ကနေ ရပ်ဆိုင်ခံခဲ့ရပါတယ်။ ဘိုနာဂူရာဟာ Walmart စတိုးမှာ အရောင်းဆိုင် ဖွင့်လှစ်ထားတဲ့ ဖုန်းကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းဖြစ်ပါတယ်။

Ref: TikToker Raises $170,000 For Older Walmart Worker So She Can Pay Off Her Mortgage And Retire

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top