ကိုရီးယားထိပ်တန်းမင်းသားကင်ဝူဘင်းနဲ့ မင်းသမီးရှင်မင်းအေတို့ရဲ့မင်္ဂလာပွဲက ဓာတ်ပုံတွေက ထွက်ရှိလို့လာခဲ့ပါပြီ။ The Shilla Seoul ရဲ့ Dynasty Hall မှာ ဒီဇင်ဘာ ၂၀ ရက်နေ့က ကျင်းပခဲ့တဲ့ မင်္ဂလာပွဲက ဓာတ်ပုံတွေကို သူတို့ရဲ့အေဂျင်စီ AM Entertainment က ထုတ်ဖော်ပြသပေးခဲ့တာပါ။
မင်္ဂလာပွဲအခမ်းအနားကို ကင်ဝူဘင်းရဲ့အရင်းနှီးဆုံးသူငယ်ချင်းတွေထဲကတစ်ယောက်ဖြစ်တဲ့ လီကွမ်ဆူးနဲ့ စတင်ခဲ့ပြီး ဆရာတော် Pomnyun က ကောင်းချီးမင်္ဂလာစကားပြောကြားခဲ့ပါတယ်။ အဆိုတော် Car က ဂုဏ်ပြုသီချင်းအနေနဲ့ မင်းအေရဲ့ “Hometown Cha-Cha-Ca” ဇာတ်လမ်းတွဲ Ost သီချင်း “Romantic Sunday” ကို သီဆိုပေးသွားခဲ့ပါတယ်။

မင်္ဂလာပွဲနေ့မှာလည်း သူတို့စုံတွဲက လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါသေးတယ်။ The Hallym Burn Foundation, Asan Medical Center နဲ့ Good Friends အပါအဝင်အဖွဲ့အစည်းတွေကို ဝမ် သန်း၃၀၀ (ခန့်မှန်းခြေ ဒေါ်လာ ၂၀၃၀၀၀) လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Ref: Shin Min Ah And Kim Woo Bin’s Agency Reveals Stunning Photos From Wedding
WL (ရိုးရာလေး)

