မိဘတွေကို ချစ်ဖို့ကောင်းအောင်ပြုံးပြပြီး မွေးဖွားလာခဲ့တဲ့ ကလေးလေး

yyl-002-2.jpg

ကလေးဆိုတာ မိဘတိုင်းအတွက် ရတနာတစ်ပါးဖြစ်သလို မိဘတွေကလည်း မွေးဖွားလာတော့မယ့် သူတို့ရဲ့ကလေးကို မြင်တွေ့ရဖို့ စိတ်လှုပ်ရှားမိကြပါတယ်။ အထူးသဖြင့် ကလေးက သားဦး၊ သမီးဦးဖြစ်နေမယ်ဆိုရင်ပေါ့။ မကြာသေးခင်ကမှ ဘရားဇီးလူမျိုးစုံတွဲတစ်တွဲဟာ ဆန်းကြယ်တဲ့အခိုက်အတန့်တစ်ခုရှိခဲ့ပါတယ်။ အဲဒါက သူတို့အပေါ် တုံ့ပြန်လိုက်တဲ့ သူတို့သမီးရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးပါပဲ။

သူတို့စုံတွဲရဲ့သမီးလေး အန်တိုနယ်လာ (Antonella) မွေးဖွားလာတဲ့အချိန်မှာ သူတို့ကို ချစ်ဖို့အကောင်းဆုံးအပြုံးလေးနဲ့ ဆီးကြိုနှုတ်ဆက်ခဲ့ပါတယ်။ ဘာလို့အခုပြုံးပြီး မွေးဖွားလာခဲ့တာလဲဆိုရင် သူ့ရဲ့အဖေ ဖလာဗီအို ဒန်တတ်စ် (Flavio Dantas) ဟာ သူ့အမေရဲ့ဗိုက်ထဲမှာ ရှိနေကတည်းက သူ့ကိုစကားတွေပြောပေးလေ့ရှိတယ်ဆိုတဲ့ အကြောင်းအရင်းကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဖလာဗီအိုက သူ့သမီးလေး အန်တိုနယ်လာ မွေးဖွားခဲ့တုန်းက ဆန်းကြယ်တဲ့အခိုက်အတန့်ဖြစ်ကြောင်းကို အင်စတာဂရမ်မှာ တင်ခဲ့တာပါ။ “အဲဒီအချိန်တုန်းက ဖြစ်ခဲ့တဲ့ ကျွန်တော့ခံစားချက်ကို ရှင်းမပြနိုင်အောင်ပါပဲ။ ကျွန်တော့သမီးလေး သူ့အမေရဲ့ဗိုက်ထဲရှိနေတုန်းမှာ သူ့ကို နေ့တိုင်းစကားပြောခဲ့ပါတယ်။ သူ့ကိုချစ်တယ်၊ အဖေရှိနေတယ်၊ ကမ္ဘာပေါ်မှာ အကောင်းဆုံးဖခင်ဖြစ်ပေးမယ်ဆိုတာကို အမြဲတမ်းပြောခဲ့ပါတယ်။ သမီးလေး မွေးလာတော့ အချိုမြိန်ဆုံးအပြုံးလေးနဲ့ ပြုံးပြနေတယ်” လို့ ဂုဏ်ယူစွာနဲ့ ရေးသားခဲ့ပါတယ်။

သမီးဦးလေးအပေါ်ထားရှိတဲ့ သူ့ရဲ့ခံစားချက်ကိုလည်း “ရင်ဘတ်ထဲမဆန့်လောက်တဲ့အချစ်” ဆိုပြီး ထုတ်ပြထားပါတယ်။ သူ့သမီးလေးမွေးဖွားလာတာကို အရမ်းဝမ်းသာတဲ့အတွက် လူမှုကွန်ယက်အကောင့်မှာ ဓာတ်ပုံမျိုးစုံတင်ခဲ့ပါတယ်။
အန်တိုနယ်လာရဲ့အမေ တာဆီလာကလည်း သူ့သမီးရဲ့ပုံတွေကို “ဘုရားကပို့လိုက်တဲ့လက်ဆောင်တစ်ခု” ဆိုပြီး ရည်ညွှန်းရေးသားထားပါတယ်။ နောက်ထပ်ပုံတွေမှာလည်း “ကြွယ်ဝချမ်းသာမှုကို စကားလုံးတွေနဲ့ တိုင်းတာမယ်ဆိုရင် သမီးကို အဲဒီထဲပေါင်းထည့်ချင်ပါတယ်။ ဘုရားသခင်ရဲ့လက်တွေနဲ့ဖန်ဆင်းလိုက်တဲ့ ရှားပါးကျောက်မျက်ရတနာပါ” လို့ သူ့သမီးနဲ့ပတ်သတ်ပြီး ရေးထားပါသေးတယ်။

သူတို့စုံတွဲဟာ သူတို့နေထိုင်ရာ Rio de Janeiroမှာပဲ အန်တိုနယ်လာကို ပြုစုပျိုးထောင်ပေးနေပါတယ်။ တာဆီလာက အိမ်မှုကိစ္စတွေလုပ်ကိုင်ပြီး ဖလာဗိအိုကတော့ ရေတပ်သားတစ်ယောက်ဖြစ်ပါတယ်။

Ref: Dad Spends Months Talking To His Baby In The Womb, She Reacts With The Biggest Smile Once Born

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top