ကမ္ဘာပေါ်က ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ပြသထားတဲ့ အမိုက်စားရိုက်ချက်များ

26-5-2020-yyl-029.jpg

နယူးယောက်မြို့နဲ့ ဘာလင်မြို့တွေမှာ ရိုက်ကူးတဲ့ ဓာတ်ပုံဆရာက ဂျေ ဟင်နရီ ဖယ်က ကမ္ဘာပေါ်မှာ လူသားတွေကို သက်ရောက်မှုရှိနိုင်တဲ့အရာတွေကို ထုတ်ပြတဲ့ဓာတ်ပုံတွေကို ရိုက်လေ့ရှိပါတယ်။ အဲဒီဓာတ်ပုံဆရာက ပတ်ဝန်းကျင်ဆိုင်ရာတတ်ကြွလှုပ်ရှားသူလည်းဖြစ်ပြီး သူက အမိုက်စားရိုက်ချက်တွေ ရိုက်ကူးနိုင်ဖို့အတွက် ကမ္ဘာပတ်ပြီး ခရီးသွားဖြစ်ပါတယ်။ သူက လူမှုအသိုင်းအဝိုင်းမှာ အမှိုက်သရိုက်တွေကို မြင်လာအောင် “Industrial Scars” ဆိုတဲ့ ပရောဂျက်ကို လုပ်ဆောင်ခဲ့ပါတယ်။

လေယာဉ်နဲ့ စက်မှုဇုံနယ်မြေတွေပေါ်ကနေ ပျံသန်းပြီး လူသားတွေဖန်တီးလိုက်တဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ၊ ပျက်စီးဆုံးရှုံးနေတဲ့အပိုင်းတွေကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ သူ့ရဲ့လက်ရာတွေက ကျွန်တော်တို့ကမ္ဘာကြီးအတွက် ဝမ်းနည်းစရာဘယ်လောက်ကောင်းလဲဆိုတာကို ပြသနေတာဖြစ်ပါတယ်။ လူသားတွေလုပ်ဆောင်နေတဲ့ စက်ရုံ၊အလုပ်ရုံတွေကြောင့် ကမ္ဘာကြီးမှာ ဘယ်လောက်ညစ်ညမ်းမှုတွေဖြစ်နေလဲဆိုတာကို ဓာတ်ပုံဆရာရဲ့ရိုက်ချက်တွေကနေ ကျွန်တော်တို့တွေမြင်တွေ့ရမှာဖြစ်ပါတယ်။

ကမ္ဘာကြီးပေါ်က ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ပြသနေတဲ့ ဂျေ ဟင်နရီရဲ့ အမိုက်စားရိုက်ချက်တွေကို စုစည်းဖော်ပြပေးလိုက်ရပါတယ်။

မက္ကစီကိုပင်လယ်ကွေ့မှာ ဆီတွေ ယိုဖိတ်နေခြင်း

ဓာတ်သတ္တုတူးဖော်ရေးက ဓာတ်ငွေ့တွေကတောင်တန်းကနေ ပင်လယ်ထဲသို့ စီးဝင်နေခြင်း

အလူမီနီယံထုတ်လုပ်မှုကနေ ဘောက်ဆိုက်သတ္ထုညစ်ညမ်းခြင်း

ဆီချက်လုပ်မှုကနေ မြေထိုးစက်နဲ့ တွန်းထိုးလိုက်လို့ ညစ်ညမ်းသွားခြင်း

ဖော့စဖိတ်မြေသြဇာသတ္တုတွင်းမှာ ရေကန်ငယ် ညစ်ညမ်းနေခြင်း

ကြေးနီမိုင်းတွင်းနံရံတွေမှာ ကြေးနီတွေညစ်ညမ်းနေခြင်း

ဆီချက်လုပ်ရေးတစ်ခုမှာ ဆာလဖာဓာတ်ကြောင့် လေထုညစ်ညမ်းနေခြင်း

ကျောက်မီးသွေးသတ္တုတွင်းမှာ အရည်တွေညစ်ညမ်းခြင်း

ဖော့စဖိတ်မြေသြဇာထုတ်လုပ်ရေးလုပ်ငန်းက အလဟာဿညစ်ညမ်းခြင်း

Ref: A Photographer Takes Powerful Shots of Earth’s Pollution to Show Us the Cost of Modern Life

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top