Billboard ထောင်ပြီး ချစ်သူရည်းစားရှာဖွေနေတဲ့ အမျိုးသား

5.8.2024-yyl-8-1.jpg

အနောက်ပိုင်းဖီလာဒဲလ်ဖီးယားမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ်အမျိုးသားဟာဆိုရင် Billboard ထောင်ပြီး ချစ်သူရည်းစားရှာဖွေနေပါတယ်။ Data Manager တစ်ယောက်ဖြစ်တဲ့ ဒေးကလိုင်က ချစ်သူရည်းစားရှာဖွေတဲ့ Billboard ထောင်ဖို့အတွက် ဒေါ်လာ ၁၀၀၀ ကျော်ပေးခဲ့ပါတယ်။ သူဟာ တစ်ကိုယ်တည်းသမားမဖြစ်ဖို့ မျှော်လင့်နေပါတယ်။

သူ့ရဲ့ရပ်ကွက်မှာ ရောင်စုံBillboardကြီးကို ထောင်ထားပြီး အဲ့ဒီBillboard မှာ လက်မထောင်ပြီး ပြုံးပြနေတဲ့ ဒေးကလိုင်ရဲ့ပုံလည်း ပါရှိပါတယ်။ “ဒေးနဲ့ ဒိတ်ချင်လား”ဆိုတဲ့စာသားလည်း ရေးသားထားပါတယ်။ ဒေးရဲ့ဝါသနာတွေက သာမန်ဖြစ်ပြီး ကြောင်တစ်ကောင်ရှိတယ်။ သူ ဟင်းလည်း ကောင်းစွာချက်ပြုတ်နိုင်တယ်ဆိုတဲ့ အချက်တွေအပြင် ဆက်သွယ်ရမယ့် အင်စတာဂရမ်အကောင့်လည်း Billboard မှာ ဖော်ပြထားပါတယ်။

ဒီBillboard ကို တစ်လချိတ်ဆွဲထားမှာဖြစ်ပါတယ်။ အခုအချိန်ထိ ဒေးကို ဆက်သွယ်ကြတဲ့သူတွေရှိကြပြီး ဒိတ်မယ့်သူရလာတော့မယ့်အခြေအနေမှာရှိနေပါပြီ။ အသက် ဒါကို စိတ်ပါဝင်စားတဲ့ အသက်၂၁ နှစ်အထက် တစ်ကိုယ်တည်းအမျိုးသမီးတွေကို date_dave_philly အင်စတာဂရမ်အကောင့်ကတဆင့် စာပေးပို့ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Ref: Single Man Rents Billboard to Find a Date, Promises He ‘Has Normal Hobbies’ and ‘Can Cook (Well)

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top