တောင်ကိုရီးယားနိုင်ငံတစ်ဝန်းမှာ တောမီးလောင်ကျွမ်းမှု ၂၀ ကျော် ဖြစ်ပွားနေပြီး မီးသတ်သမား ၂ ဦး သေဆုံးကာ ၂ ဦး ပျောက်ဆုံးလျက် ရှိပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် တောမီး ကူးစက်လောင်ကျွမ်းမှု အားကောင်းနေပြီး မီးငြှိမ်းသတ်နိုင်ဖို့ အစွမ်းကုန် အားထုတ်ကြိုးပမ်းဖို့ တောင်ကိုရီးယားယာယီသမ္မတ ချွဲဆန်မော့က တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့သောကြာနေ့က စတင်လောင်ကျွမ်းခဲ့ပြီး ၂၇၅ ဟက်တာအထိ ဝါးမြိုထားတဲ့ တောင်ပိုင်းဂျောင်ဆန်ပြည်နယ်မှ တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ရင်း မီးသတ်သမား ၂ ဦး သေဆုံးခဲ့ရတာပါ။ တောင်ပိုင်းဂျောင်ဆန်ပြည်နယ်မှ ဒေသခံ ၂၀၀ ကျော် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့တဲ့စနေနေ့ ညနေပိုင်းမှာတော့ တောင်ကိုရီးယားအစိုးရက အဲဒီဒေသကို ဘေးသင့်ဒေသအဖြစ် ကြေညာခဲ့ရပါတယ်။
Ref: South Korea hit with multiple forest fires, 2 firefighters dead
NZ ( ရိုးရာလေး)