စားသောက်ဆိုင်ဝန်ထမ်းတွေကို ငွေသားလက်ဆောင်တွေ လိုက်ပေးနေတဲ့ စားသောက်ဆိုင်မန်နေဂျာဟောင်း

30-12-2020-yyl11.jpg

ခရစ်စမတ်အချိန်အခါက ပြီးသွားပေးမဲ့လည်း စားသောက်ဆိုင်မန်နေဂျာဖြစ်ခဲ့ဖူးတဲ့ ဘရစ်တနီ စချာ (Brittany Scharr) ဟာ သူ နေထိုင်ရာ မြို့လေးတစ်ဝိုက်က စားသောက်ဆိုင်ဝန်ထမ်းတွေကို ဆန်တာကလော့တစ်ယောက်အနေနဲ့ ဆက်လက်ကူညီပေးနေတုန်းပါပဲ။ သူဟာ စားသောက်ဆိုင်ဝန်ထမ်းတွေက လက်ဆောင်အနေနဲ့ ငွေသား ဒေါ်လာ ၁၀၀ စီလိုက်ပေးနေခဲ့တာဖြစ်ပါတယ်။ ဘရစ်တနီဟာ ကပ်ရောဂါအတွင်း ဆိုင်ထိုင်စားခွင့်မပြုတဲ့အတွက် စားသောက်ဆိုင်ဝန်ထမ်းတချို့လည်း အလုပ်လက်မဲ့ဖြစ်ပြီး ရုန်းကန်နေရတာကို သိနေရတဲ့အတွက် ငွေသားလက်ဆောင်တွေပေးဖြစ်ခဲ့တာပါ။

စားသောက်ဆိုင်ဝန်ထမ်းတွေကို ငွေသားလက်ဆောင်ပေးမယ့် လုပ်ငန်းစဉ်က လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ စတင်ခဲ့တာဖြစ်ပါတယ်။ ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိနှုန်းမြင့်တက်လာတဲ့အတွက် ဒုတိယအကြိမ် စားသောက်ဆိုင်တွေကို ဆိုင်ထိုင်စားခွင့်မပြုတဲ့အချိန်ကပါ။ ဘရစ်တနီက စားသောက်ဆိုင်မှာ လုပ်ခဲ့ဖူးတဲ့သူဖြစ်တဲ့အတွက် ဝန်ထမ်းတွေကို ကူညီပေးချင်ခဲ့တာပါ။ သူဟာ (၁၂) ရက်တာအတွင်း စားသောက်ဆိုင်ဝန်ထမ်း (၁၂) ဦးကို ဒေါ်လာ ၁၀၀ စီလက်ဆောင်ပေးချင်တယ်လို့ ဖေ့စ်ဘွတ်မှာ တင်ခဲ့ပြီး Christmas Restaurant Staff Support Fund ဆိုတဲ့ရန်ပုံငွေရှာတဲ့ပေ့ချ်တစ်ခုကို ထောင်ခဲ့ပါတယ်။

ရက်အနည်းငယ်အတွင်းမှာပဲ Christmas Restaurant Staff Support Fund ထဲကို ဒေါ်လာထောင်ချီဝင်လာခဲ့ပါတယ်။ အခုဆိုရင် ရန်ပုံငွေ ဒေါ်လာ ၁၈၀၀၀ နီးပါးရှိနေပြီး ဘရစ်တနီက စားသောက်ဆိုင်ဝန်ထမ်း (၁၀၀) ကို ငွေသားလက်ဆောင်ပေးနိုင်နေပါပြီ။ ဘရစ်တနီက ပင်ဆယ်ဗေးနီးယားပြည်နယ်မှာ စားသောက်ဆိုင်ထိုင်စားခွင့်မပြုသေးတဲ့အချိန်အထိ ဆက်ပြီးပေးသွားဖို့ ဆုံးဖြတ်ထားပါတယ်။

Ref: ABCNews “Former restaurant manager gives thousands in cash gifts to servers during COVID-19 shutdown”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top