အစည်းအဝေးလုပ်နေတုန်း လူဝံပုံဆွဲနေတဲ့ တောင်ကိုရီးယား လွှတ်တော်အမတ်

hha.jpg

တောင်ကိုရီးယား လွှတ်တော်အမတ်တစ်ဦးဟာ လွှတ်တော်အစည်းအဝေး လုပ်နေတုန်း လူဝံပုံဆွဲနေတာ ပေါ်ပေါက်ခဲ့လို ပြန်တောင်းပန်ခဲ့ရပါတယ်။ အောက်တိုဘာလ ၂၇ ရက်မှာ အမျိုးသားမူဝါဒကော်မတီက ဦးဆောင်ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ် ယိုယွန်ဂါက ဆွေးနွေး တင်ပြချက်တွေကို စိတ်ဝင်စားခြင်းမရှိဘဲ လက်ပ်တော့ထဲမှ လူဝံပုံကိုကြည့်ပြီး စာအုပ်ပေါ်မှာ လူဝံပုံ ဆွဲနေခဲ့တာပါ။

အွန်လိုင်းပေါ်မှာ ဒီရုပ်သံမှတ်တမ်း ပျံ့နှံသွားခဲ့ပြီး တချိုတွေက ကိုယ့်အလုပ်အပေါ် အာရုံမစိုက်တဲ့ ယိုယွန်ဂါရဲ့လုပ်ရပ်ကို ဝေဖန်ခဲ့ကြပေမဲ့ တချိုတွေကလည်း ပေါ့ပေါ့ပါးပါး နေတတ်သူလို အပြုသဘောဆောင်တဲ့ မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: South Korean lawmaker caught drawing a gorilla during an audit

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top