မင်းသားကင်ဆိုးဟွန်နဲ့ ရုပ်ဆင်လို့ နာမည်ကြီးနေတဲ့ တောင်ကိုရီးယားဘော်လီဘောကစားသမား

5.8.2024-yyl-3.jpg

တချို့သောအားကစားသမားတွေဟာ ရုပ်ရည်အလွန်ကြည့်ကောင်းကြပြီး Idol တွေ၊ သရုပ်ဆောင်တွေနဲ့အပြိုင် လူကြိုက်များတာကို တွေ့ရပါတယ်။ အခုဆို အသက် ၂၅ နှစ်အရွယ် တောင်ကိုရီးယားဘော်ဘီဘောအသင်းသား လင်ဆွန်ဂျင်းကိုလည်း လူစိတ်ဝင်စားမှုများနေပါတယ်။

သူတို့အသင်းက Paris Olympics မှာ ဘော်လီဘောပွဲအတွက် အရည်အချင်းမပြည့်မီခဲ့ပေမဲ့ လူတော်တော်များများက ဆွန်ဂျင်းကို မျက်စိကျနေကြပါတယ်။ အရပ်ရှည်ရှည်နဲ့ ရုပ်ရည်ကြည့်ကောင်းမှုက လူမှုကွန်ယက်အသုံးပြုသူတွေကြား ပြောစရာဖြစ်ခဲ့ပြီး သူ့ကိုအားပေးတဲ့ပရိသတ်တွေလည်း ရရှိလာခဲ့ပါတယ်။

သူ့ကို တောင်ကိုရီးယားမင်းသားချော ကင်ဆိုးဟွန်နဲ့ ရုပ်ဆင်တယ်လို့ ပြောကြသလို တချို့ကျတော့မင်းသားချော ပတ်ဟွန်ဆစ်နဲ့ရုပ်ဆင်တယ်လို့လည်း ပြောကြပါတယ်။ မင်းသားနှစ်ယောက်လုံးက သူတို့ရဲ့ရုပ်ရည်ကြောင့် ပရိသတ်အခိုင်အမာရရှိထားကြတဲ့သူတွေပါပဲ။

ဆွန်ဂျင်းနဲ့ ဟွန်ဆစ်က မေးရိုးကျပုံချင်းတူကြပြီး ကင်ဆိုးဟွန်နဲ့ကျတော့ မျက်လုံးပုံစံတူကြတယ်လို့ဆိုကြပါတယ်။

Ref: South Korean Volleyball Player Lim Goes Viral For Looking Like Kim Soo Hyun

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top