သက်တမ်း ၅၀၀ ကျော် ဆယ်ကျော်သက်မံမီရုပ်အလောင်း

11.8.23-yyl-2.jpg

မံမီလို့ ပြောလိုက်တာနဲ့ အီဂျစ်နိုင်ငံကို ပြေးမြင်မိကြမယ်ထင်ပါတယ်။ ဒီ သက်တမ်း ၅၀၀ ကျော်ပြီဖြစ်တဲ့ ဆယ်ကျော်သက်မံမီရုပ်အလောင်းကိုတော့ တောင်အမေရိကအထက်ရှိ အေးခဲနေတဲ့ တောင်တန်းမှာ တွေ့ရှိခဲ့တာပါ။ ဒီဆယ်ကျော်သက် မံမီရုပ်အလောင်းက မူလအသွင်အပြင်မပျက်အောင် ကောင်းကောင်းထိန်းသိမ်းထားနိုင်တဲ့ မံမီတွေထဲက တစ်ခုပါ။ သုတေသီတွေက သူ့ရဲ့ DNA ကို ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့ပါတယ်။

ဒီမံမီရုပ်အလောင်းကို “Mummy Juanita” လို့ သိကြပါတယ်။ သုတေသီအဖွဲ့က ဒီမံမီရုပ်အလောင်းကို ၁၉၉၅ ခုနှစ်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဒီဆယ်ကျော်သက်လေး သေဆုံးခဲ့ချိန်က အသက် ၁၅ နှစ်အရွယ်လောက်ရှိတယ်လို့ ယူဆရပါတယ်။ သုတေသီတွေက ရုပ်အလောင်းကျပ်စည်းထားတာကို ဖြည်လိုက်တဲ့အချိန်မှာ မံမီရဲ့လက်တွေကြောင့် တအံ့တဩဖြစ်ခဲ့ရပါတယ်။ လက်တွေက အကောင်းပကတိအတိုင်းပြီးပြည့်စုံနေတာပါ။ မံမီကို ပြီးပြည့်စုံအောင် ထိန်းသိမ်းထားတာပါ။ အသားရောင်တွေကလည်း မမှေးမှိန်သေးပါဘူး။

ဆယ်ကျော်သက်မံမီရဲ့DNA ကို ခွဲခြမ်းစိတ်ဖြာကြည့်တော့ ဒီကောင်မလေးက သူ မသေခင် ရက်ပိုင်းအလိုမှာ အဆုတ်ရောင်ရောဂါကို ခံစားနေခဲ့ရတာကို တွေ့ခဲ့ရပါတယ်။

Ref: 500-year-old ‘teenage’ mummy is one of best-preserved in the world

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top