ရွှေ့ပြောင်းအလုပ်သမား ၅၉ ဦးကို ဆံပင်ညှပ်ဆိုင်ခေါ်သွားပြီး ဆံပင်အလကားညှပ်စေခဲ့တဲ့ စင်ကာပူအမျိုးသား

13.8.2024-yyl-8.jpg

စင်ကာပူနိုင်ငံရဲ့ ၅၉ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုဖို့ မူဟာမတ် နော တီဂျာနီဆိုတဲ့ အမျိုးသားတစ်ဦးဟာ Woodlands ဒေသက ဆံပင်ညှပ်ဆိုင်နဲ့ ပူးပေါင်းပြီးတော့ ရွှေ့ပြောင်းအလုပ်သမား ၅၉ ဦးကို အခမဲ့ဆံပင်ညှပ်ပေးခဲ့ပါတယ်။

သူဟာ ရွှေပြောင်းအလုပ်သမားတွေကို Thuglife Studio Salon ကို ခေါ်သွားခဲ့ပါတယ်။ အဲ့အလုပ်သမားထဲက တစ်ယောက်ဆိုရင် ဆံပင်ညှပ်နေရင်း TikTok ဗီဒီယိုကတဆင့် သူ့အမေကို လွမ်းတယ်ဆိုတာ ပြောခွင့်ရခဲ့ပါတယ်။ အလုပ်သမားတွေအားလုံးက ဆံပင်ပုံစံအသစ်တွေနဲ့ အပြုံးကိုယ်စီမြင်တွေ့ခဲ့ရပါတယ်။

အလုပ်သမားတစ်ယောက်က သူ စင်ကာပူကို စရောက်တဲ့အချိန်မှာ ၄၈ နှစ်မြောက်အမျိုးသားနေ့ပဲရှိသေးတယ်လို့ ဆိုပါတယ်။ ရွှေ့ပေါင်းအလုပ်သမားတွေဟာ စင်ကာပူနိုင်ငံကို တည်ထောင်ဖို့ ကူညီပေးခဲ့တဲ့သူတွေဖြစ်ပေမဲ့ သူတို့ရဲ့ပံ့ပိုးကူညီမှုကို တစ်ခါတလေ လျစ်လျူရှုခံရတယ်လို့ မူဟာမတ်က ပြောပါတယ်။

သူတို့ကို အသိအမှတ်ပြုပေးဖို့ ထိုက်တန်ပြီး အမျိုးသားနေ့ကို အတူတူဆင်နွှဲသင့်တဲ့အတွက် မူဟာမတ်က ရွှေ့ပြောင်းအလုပ်သမားတွေကို အခုလို အခမဲ့ဆံပင်ညှပ်စေခဲ့တာပါ။ သူက ရွှေ့ပြောင်းအလုပ်သမားတွေကို Pokka အချိုရည်တွေလည်း ပေးခဲ့ပါတယ်။

မူဟာမတ်အတွက် အမျိုးသားနေ့မှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကျေးဇူးတင်တာက ပထမဆုံးအကြိမ်မဟုတ်တော့ပါဘူး။ ၂၀၂၃ ခုနှစ်က သူဟာ စားစရာသောက်စရာတွေအတွက် ၅၈ စင်ကာပူဒေါ်လာ သုံးစွဲခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားတွေကို ဝေပေးခဲ့ပါတယ်။

Ref: S’pore man works with Woodlands hair salon to give free haircuts to 59 migrant workers on National Day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top