ဂျပန်နိုင်ငံရဲ့အသက်အငယ်ဆုံးမြို့တော်ဝန်

26.4.2023-yyl-iamge-1.jpg

အသက် ၂၆ နှစ်အရွယ် ရိုဆုခီ တာခါရှိမားဆိုတဲ့ လူငယ်လေးဟာ ဂျပန်နိုင်ငံ၊ အာရှိယမြို့ရဲ့မြို့တော်ဝန်အသစ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။ ရွေးကောက်ပွဲကိုတော့ တနင်္ဂနွေနေ့က ကျင်းပခဲ့တာပါ။ ရိုဆုခီက ဂျပန်နိုင်ငံရဲ့သမိုင်းတစ်လျှောက်မှာ အသက်ငယ်ဆုံးမြို့တော်ဝန်ဖြစ်လာခဲ့ပါတယ်။
ရိုဆုခီမတိုင်ခင် ခိုတာရို ရှိဆီဒါက ဂျပန်နိုင်ငံမှာ ရွေးကောက်ခံရတဲ့ အသက်ငယ်ဆုံးမြို့တော်ဝန်ဖြစ်ခဲ့တာပါ။ သူကတော့ ၁၉၉၄ ခုနှစ်က မူဆာရှိမူရာယာမမြို့အတွက် ရွေးကောက်ခံခဲ့ရတာပါ။ အဲဒီတုန်းက သူ့အသက် ၂၆ နှစ်ပါ။

ရိုဆုခီက ဟားဗတ်တက္ကသိုလ်မှာ Environmental Health Engineering ဘာသာရပ်ကို လေ့လာဖို့အတွက် တိုကျိုတက္ကသိုလ်ကနေ ထွက်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်က သူ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းသားဘဝမှာ သူက နိုင်ငံရပ်ခြားတက္ကသိုလ်တွေမှာ ပညာသင်ယူနေတဲ့ ကျောင်းသူ/သားတွေကို ကူညီပေးတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း Ryugaku Fellowship ကိုလည်း တည်ထောင်ခဲ့ပါတယ်။

ရွေးကောက်ပွဲမှာ မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရပြီးတဲ့နောက်မှာ “လူတွေက ကျွန်တော်ကို ကြည့်ပြီး ကျွန်တော့်အသက်အရွယ်ကိုမဟုတ်ဘဲ ကျွန်တော် ရရှိမယ့် ရလဒ်တွေအပေါ်မှာ အကဲဖြတ်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ အာရှိယကို ကမ္ဘာပေါ်မှာ ဆက်ပြီးနေထိုင်ဖို့အတွက် အလိုချင်ဆုံးမြို့ဖြစ်အောင် လုပ်ချင်ပါတယ်”လို့ ရှိဆုခီက ပြောပါတယ်။

ရှိဆုခီက ရွေးကောက်ပွဲမှာ ၄၆ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာပါ။ သူ့ရဲ့မဲဆွယ်စည်းရုံးမှုအတွင်း လူငယ်မိသားစုတွေအတွက် ပိုပြီးပံ့ပိုးကူညီမယ့်အကြောင်း၊ အခမဲ့ဆေးဝါးကုသပေးမယ့်အကြောင်း ကောင်းမွန်တဲ့အင်္ဂလိပ်ပညာရေးအစီအစဉ်တွေကို ထောက်ပံ့ပေးမယ့်အကြောင်း ပြောဆိုခဲ့တာပါ။ အစိမ်းရောင်အခြေခံအဆောက်အအုံစီမံကိန်း၊ အများပြည်သူနေရာတွေ၊ ပန်းခြံတွေပိုပြီးဖန်တီးတာအပြင် ပညာရေး၊ ကလေးစောင့်ရှောက်မှုနဲ့ လူငယ်ကျန်းမာရေးစောင့်ရှောက်မှုတွေမှာလည်း ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ မဲဆွဲစည်းရုံးခဲ့ပါတယ်။

Ref: Meet Ryosuke Takashima, Japan’s Youngest Mayor At 26

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top