၂၀၂၅ ခုနှစ် ဆီးဂိမ်းစ်ပြိုင်ပွဲမှာ စင်ကာပူရဲ့အငယ်ဆုံးကစားသမား အန်ယာ ဇာဟီဒီက ဒီဇင်ဘာ ၁၄ ရက်နေ့က ပြလုပ်တဲ့ the girls’ optimist ရွက်လှေပြိုင်ပွဲမှာ ငွေတံဆိပ်ဆုရရှိခဲ့ပါတယ်။ အန်ယာဟာ ရွက်လှေပြိုင်ပွဲမှာ ပြိုင်ပွဲဝင် ၆ ဦးအနက် ဒုတိယနေရာရရှိခဲ့တာပါ။

အဓိကအားကစားပြိုင်ပွဲတွေမှာစင်ကာပူကိုယ်စားပြုအနေနဲ့ ပထမဆုံးအကြိမ် ပါဝင်ယှဉ်တာဖြစ်တာကြောင့် အရမ်းစိတ်လှုပ်ရှားပြီး ဒီအတွေ့အကြုံကနေ အများကြီး သင်ယူချင်တယ်လို့ အန်ယာက ပြိုင်ပွဲမတိုင်ခင် ပြောခဲ့ပါတယ်။
သူ့ရဲ့အစ်မဖြစ်သူက သူ့ရဲ့အဓိကလှုံ့ဆော်ပေးသူဖြစ်တယ်ဆိုတာကို “သမီး ၇ နှစ်မှာ ရွက်လှေစစီးခဲ့တယ်။ သမီးရဲ့အစ်မက ကျောင်းရဲ့ရွက်လှေအသင်းမှာ ပါဝင်ပြီး သမီးက သူ့ဆီက အရမ်းလှုံ့ဆော်မှုရခဲ့တယ်” လို့ အန်ယာက ပြောထားပါတယ်။

အန်ယာရဲ့အစ်မဖြစ်သူ နီယာ ဇာဟီဒီ (အသက် ၁၆ နှစ်) ကလည်း ဆီးဂိမ်းပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး the girls’ ILCA 4 ရွက်လှေပြိုင်ပွဲမှာ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။ သူဟာ ပြိုင်ပွဲဝင် ၅ ဦးအနက် တတိယရရှိခဲ့တာပါ။
Ref: S’porean girl, 12, wins 2025 SEA Games silver medal at sailing event
WL (ရိုးရာလေး)

