ရိုးသားမှုက ယူဆောင်လာပေးတဲ့ ဘဝအလှည့်အပြောင်း

man.jpg

ထိုင်းနိုင်ငံမှ အိမ်ရာမဲ့အမျိုးသားတစ်ယောက်ဟာ လမ်းပေါ် လျှောက်သွားနေရင်း Hermes ပိုက်ဆံအိတ်တစ်လုံး ကောက်ရခဲ့ပါတယ်။ ပိုက်ဆံအိတ်ထဲမှာ ဘတ် ၂ သောင်းအပြင် ဘဏ်ကတ်တွေ၊ သက်သေခံကတ်ပြားတွေလည်း ပါပါတယ်။


လူအုပ်ထဲမှာ ပိုက်ဆံအိတ်ပိုင်ရှင်ကို ရှာမတွေ့တာကြောင့် အိမ်ရာမဲ့ အမျိုးသား ဝိုရာလော့က အနီးဆုံး ရဲစခန်းကိုသွားပြီး ပိုက်ဆံအိတ်ကို အပ်နှံခဲ့ပါတယ်။ ပိုက်ဆံအိတ်ပိုင်ရှင်ကတော့ နီတီလို့ အမည်ရတဲ့ စက်ရုံပိုင်ရှင် လူငယ်တစ်ဦး ဖြစ်ပါတယ်။

ဝိုရာလော့ရဲ့ ရိုးသားမှုကို သဘောကျသွားပေမဲ့ နီတီက သူ့ကို ဆုကြေးငွေ ပေးခဲ့ခြင်း မရှိပါဘူး။ အဲဒီအစား ဝိုရာလော့ကို သူ့စက်ရုံမှာ နေစရာနဲ့ အလုပ်ပေးခဲ့ပြီး ဝိုရာလော့ရဲ့ဘဝကို အလှည့်အပြောင်း ဖြစ်စေခဲ့ပါတယ်။


ပိုက်ဆံအိတ် ပြန်ပေးတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ဆုကြေးငွေ ပေးလိုက်ရင် အဲဒီငွေက သုံးရင်း ကုန်သွားမှာဖြစ်ပေမဲ့ နေစရာနဲ့ အလုပ်ပေးခဲ့တာကြောင့် အခုဆိုရင် ဝိုရာလော့က အိမ်ရာမဲ့ တ်စယောက် မဟုတ်တော့ပါဘူး။ အလုပ်အကိုင်နဲ့ နေစရာရှိတဲ့ သာမန်လူတစ်ယောက် ဖြစ်သွားပါပြီ။ နီတီရဲ့ ကြင်နာတတ်မှုကြောင့် ဝိုရာလော့က သူ့ဘဝဇာတ်ကြောင်းကို ပြင်ဆင်ရေးသားခွင့် ရရှိသွားပြီလို့ ဆိုရမှာပါ။

Ref: Story of a homeless man whose life changes after he returns a lost wallet will warm your heart

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top