၂၀၂၇ ခုနှစ်၊ ဒီဇင်ဘာလမှာ Lord of the Rings: The Hunt for Gollum ရုပ်ရှင်ကား ထွက်ရှိမယ်

loard.jpg

J.R.R Tolkien ရေးသားတဲ့ စာအုပ်စီးရီးတွဲကို အခြေခံရိုက်ကူးထားတဲ့ နာမည်ကြီး ရုပ်ရှင်စီးရီးတွဲဖြစ်တဲ့ Lord of the Rings ဇာတ်ကားသစ်ဟာ ၂၀၂၇ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။

ဇာတ်ကားသစ်ဖြစ်တဲ့ Lord of the Rings: The Hunt for Gollum မှာ ဂိုလမ် (Gollum) အဖြစ် မင်းသားအန်ဒီဆာကစ်ပဲ ပြန်လည်သရုပ်ဆောင်မှာဖြစ်ပါတယ်။ New Line Cinema နဲ့ Warner Bros တို့က ဒီဇာတ်ကား တရားဝင်ထွက်ရှိမယ့်ရက်ကို မေလ ၈ ရက်နေ့က ကြေညာခဲ့တာပါ။

မင်းသားအန်ဒီဆာကစ်က ဒါရိုက်တာအဖြစ်လည်း တာဝန်ယူသွားမှာဖြစ်ပြီး ပီတာ ဂျက်ဆန်၊ ဖရန် ဝဲလ်ချ်နဲ့ ဖိလစ်ပါ ဘိုရန့်စ်တို့က ထုတ်လုပ်သူတွေအဖြစ် ထပ်ပြီး တာဝန်ယူသွားမှာဖြစ်ပါတယ်။

Ref: Lord of the Rings: The Hunt for Gollum

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top