ကျောင်းလာဘ်ကောင်ရုပ်အဖြစ် တာဝန်ယူခဲ့ရတဲ့ ကျောင်းသူလေးက အဲ့ဒီအရုပ်ဖိနပ်ဝတ်ဆင်ပြီးတော့ ဘွဲ့ယူခဲ့တဲ့အခိုက်အတန့်

9.5.2023-yyl-17.jpg

ဘွဲ့ယူတဲ့နေ့က ထာဝရအမှတ်ရနေမယ့်နေ့တစ်နေ့ပါပဲ။ ဒီလိုအမှတ်ရနေမယ့် ဘွဲ့ယူတဲ့နေ့မှာ ကျောင်းသူလေးတစ်ဦးက တခြားသူတွေနဲ့မတူဘဲ ထူးထူးခြားခြားလေးဘွဲ့ယူခဲ့ပါတယ်။ အဲဒီကျောင်းသူလေးက ကျောင်းလာဘ်ကောင်ရုပ် Cocky အဖြစ် နှစ်နှစ်ကြာ တာဝန်ယူခဲ့ရတဲ့အတွက် ဘွဲ့နှင်းသဘင်အခမ်းအနားမှာ အဲ့ဒီအရုပ်ရဲ့ဖိနပ်ကို ဂုဏ်ယူစွာဝတ်ဆင်ပြီး ပျော်ရွှင်စွာနဲ့ ကခုန်ပြေးလွှားခဲ့ပါတယ်။ သူ့ရဲ့သူငယ်ချင်းတွေနဲ့ ပါမောက္ခတွေကလည်း သူ့ကို လက်ခုပ်ဩဘာသံတွေနဲ့ အားပေးခဲ့ကြပါတယ်။

အဲဒီကျောင်းသူလေးရဲ့ဘွဲ့ယူတဲ့ ဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ “၂ နှစ်ကြာတဲ့ လာဘ်ကောင်ရုပ်က ဘွဲ့နှင်းသဘင်မှာ Cocky ရဲ့ဖိနပ်ကို ဝတ်ဆင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တက္ကသိုလ်ကလည်း သူ့ကို မပံ့ပိုးပေးဘဲ မနေနိုင်ခဲ့ဘူး။ ၂ နှစ်တာ ကျောင်းရဲ့လာဘ်ကောင်ရုပ် Cocky ဖြစ်ခဲ့တဲ့ ဇီဝဆေးပညာအင်ဂျင်နီယာဘွဲ့ရတစ်ယောက်က လာဘ်ကောင်ရုပ်ဖိနပ်ကို ဝတ်ဆင်ပြီး စင်မြင့်အနှံ့လျှောက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်”ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါတယ်။

အစဉ်အလာအရ တချို့ကျောင်းတွေက လာဘ်ကောင်အရုပ်ရဲ့ သရုပ်မှန်ကို ကျောင်းသား/သူတွေ ဘွဲ့ရတဲ့အထိ လျှို့ဝှက်ထားကြတာပါ။ ဒီဗီဒီယိုထဲက ကောင်မလေးက ဆာရက်ချ် ဆီဗက်စတာဖြစ်ပြီး University of South Carolina ရဲ့ ဇီဝဆေးပညာအင်ဂျင်နီယာကျောင်းသူလေးတစ်ယောက်ပါ။

ဆာရက်ချ်က လာဘ်ကောင်အရုပ်ရဲ့ဖိနပ်ကို ဝတ်ဆင်ပြီး ဘွဲ့နှင်းသဘင်ခန်းမအတွင်း ပြေးလွှားကာ သူ့ရဲ့သရုပ်မှန်ကို ထုတ်ပြခဲ့တာလည်းဖြစ်ပါတယ်။ ခန်းမအတွင်း ထိုင်နေကြတဲ့သူတွေနဲ့လည်း ပျော်ရွှင်စရာအခိုက်အတန့်တစ်ခုကို မျှဝေဖြစ်ခဲ့ပါတယ်။ သူ့ရဲ့နာမည်ကို ကြေညာတဲ့အချိန် လာဘ်ကောင်အရုပ်ရဲ့ထူးခြားတဲ့ကကွက်တစ်ခုကိုလည်း နောက်ဆုံးအကြိမ် ကပြခဲ့ပါတယ်။

ဗီဒီယို​ကြည့်ရှုရန်

Ref: Student who served as school mascot for two years takes one last grand bow at her graduation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top