shai.jpg

တရုတ်ရှောင်လင်ဘုန်းကြီးကျောင်းမှာ စက်ရုပ်တွေက ကိုရင်တွေနဲ့အတူ ကွန်ဖူးလေ့ကျင့်

တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟီနန်ပြည်နယ်က နာမည်ကြီးရှောင်လင်ဘုန်းကြီးကျောင်းမှာ အံ့ဩဖွယ်ရာထူးခြားတဲ့မြင်ကွင်းတစ်ခုကို လူမှုကွန်ယက်အသုံးပြုသူတွေ မြင်တွေ့ခဲ့ရပါတယ်။ လူသားပုံစံစက်ရုပ်တွေက ရှောင်လင်ကွန်ဖူးကို ကိုရင်တွေနဲ့အတူ လေ့ကျင့်နေတဲ့မြင်ကွင်းပါပဲ။ ရှေးဟောင်းအစဉ်အလာနဲ့ ခေတ်မီနည်းပညာရောနှောလာမှုက ကမ္ဘာ့တစ်ဝှမ်းက လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကိုရင်တွေနဲ့ စက်ရုပ်တွေ ကွန်ဖူးလေ့ကျင့်နေတဲ့ဗီဒီယိုတွေက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့တာပါ။…

ai.jpg

အထက်တန်းကျောင်းသားလေးက AI သုံးပြီး အာကာသထဲမှ အရာဝတ္တုပေါင်း ၁.၅ သန်းကျော်ကို ဖော်ထုတ်နိုင်ခဲ့

အထက်တန်းကျောင်းသားတစ်ဦးဟာ နာဆာရဲ့ဒေတာအဟောင်းတွေကို ဉာဏ်ရည်တုနည်းပညာ(AI)နဲ့ ဆန်းစစ်ပိုင်းခြားပြီး အာကာသထဲမှ အရာဝတ္တုပေါင်း ၁.၅ သန်းကျော်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှ ပါဆာဒီနာအထက်တန်းကျောင်းမှ စီနီယာကျောင်းသား မက်တီယိုပက်ဇ်ဟာ နာဆာရဲ့ မစ်ရှင်အဟောင်းထဲမှ ဒေတာတွေကို AI နဲ့ ခွဲခြားစိတ်ဖြာခဲ့ရာမှာ…

image-1.png

တရုတ်နိုင်ငံမှာ download ဆွဲသူ အများဆုံးဖြစ်နေတဲ့ ”သေပြီလား” Application

” သေပြီလား”(Are You Dead?)လို့ အမည်ပေးထားတဲ့ Application ကတော့ ဒီသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ download ဆွဲသူ အများဆုံး အခပေး app အဖြစ် ရပ်တည်နေပါတယ်။ Are You Dead? app…

Farm.png

နှစ်စဉ် ဟင်းသီးဟင်းရွက် တန်ချိန် ၂၀၀၀၀ ထုတ်လုပ်နိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံးအိမ်တွင်းဒေါင်လိုက်စိုက်ပျိုးရေးခြံကို စင်ကာပူမှာ ဖွင့်လှစ်

ကမ္ဘာ့အမြင့်ဆုံးအိမ်တွင်းဒေါင်လိုက်စိုက်ပျိုးရေးခြံကို စင်ကာပူကုမ္ပဏီ Greenphyto က မိတ်ဆက်ခဲ့ပါတယ်။ ဒီခြံက အမြင့် ၂၃.၃ မီတာနဲ့ အရှည် ၁၁၈ မီတာရှိတဲ့ Hydroponic မြေမလိုအပင်စိုက်ပျိုးရေးနည်းပညာနဲ့ အဆောက်အအုံဖြစ်ပြီး အလိုအလျောက်စနစ်နဲ့ လည်ပတ်ကာ မှတ်ဉာဏ်တုနည်းပညာနဲ့ မောင်းနှင်ထားပါတယ်။ Jurong…

frog.jpg

ဖားတွေရဲ့ အူဘက်တီးရီးယားတစ်မျိုးက ကင်ဆာကျိတ်ကို တိုက်ဖျက်နိုင်စွမ်း ရှိကြောင်းတွေ့ရှိ

ဖားတွေရဲ့ အူလမ်းကြောင်းထဲမှ ဘက်တီးရီးယားတစ်မျိုးဟာ ကင်ဆာကျိတ်တွေကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဂျပန်နိုင်ငံ အဆင့်မြင့်သိပ္ပံနဲ့နည်းပညာသိပ္ပံဌာနမှ သုတေသီတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကုန်းနေရေနေ သတ္တဝါတွေနဲ့ တွားသွားသတ္တဝါတွေမှာ ကင်ဆာဖြစ်နိုင်ခြေ အလွန်နည်းပါးတာ တွေ့ရှိခဲ့ပြီးနောက် သုတေသီတွေက အခုလို စူးစမ်းရှာဖွေခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ဖား၊…

garden.jpg

အမေရိကန်ရဲ့အသက်ကြီးဆုံးအမျိုးသားဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်း အသက် ၁၀၄ နှစ်မှာ ကွယ်လွန်

အမေရိကန်နိုင်ငံရဲ့ အမျိုးသားဥယျာဉ်ထိန်းသိမ်းစောင့်ရှောက်ရေးဝန်ထမ်းဖြစ်ခဲ့တဲ့ ဘက်တီ ရိဒ် ဆော့စ်ကင်ဟာ အသက် ၁၀၄ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူဟာ အသက် ၁၀၀မှာ ဝန်ထမ်းအဖြစ်ကနေ အငြိမ်းစားယူခဲ့တာပါ။ သူ သေဆုံးသွားတယ်ဆိုတာကို သူ့ရဲ့မိသားစုဝင်တွေက ဒီဇင်ဘာ ၂၁ ရက်နေ့က…

sell.jpg

ဒေတာသိမ်းဆည်းမှု ဂစ်ဂါဘိုက် ၁.၄ သန်းရှိတဲ့ လူ့ဦးနှောက်တစ်သျှူး တစ်ကုဗမီလီမီတာရဲ့ ပုံ

ဒီပုံမှာ မြင်ရတာကတော့ အမြစ်ရှုပ်ထွေးတဲ့ အပင်တွေ မဟုတ်သလို ရေအောက်ထဲက အပင်တွေလည်း မဟုတ်ဘူး။ လူ့ဦးနှောက်တစ်သျှူး တစ်ကုဗမီလီမီတာကို Scan ဖတ်ပြီး ကြည်လင်ပြတ်သားမှု ကောင်းကောင်းနဲ့ ပုံကြီးချဲ့ပြထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ သေးငယ်ပြီး ထောင်ပေါင်းများစွာရှိတဲ့ နျူရွန်လေးတွေ အပြန်အလှန်…

skin.jpg

သဘာဝအရေပြားအတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရေပြားတစ်မျိုးကို ဂျပန်သိပ္ပံပညာရှင်တွေ တီထွင်

ဂျပန်နိုင်ငံမှ သိပ္ပံပညာရှင်တွေဟာ အရေပြားအစစ်အတိုင်း လုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရေပြားတစ်မျိုးကို ဓာတ်ခွဲခန်းမှာ အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေ ဖန်တီးနိုင်ခဲ့တဲ့ အရေပြားမှာ ချွေးဂလန်း၊ မွေးညှင်းပေါက်၊ အဆီထုတ်ဂလန်းတွေ ပါဝင်တာကြောင့် သဘာဝအရေပြားအတိုင်း အပူချိန်ကို ထိန်းညှိပေးနိုင်စွမ်း ရှိပါတယ်။ လက်ရှိအသုံးပြုနေတဲ့…

vius.jpg

ရေဒီယိုသတ္တုကြွ အိုင်ဆိုတုပ်တွေကို အာနိသင်မဲ့‌အောင်လုပ်နိုင်စွမ်းရှိတဲ့ ဘက်တီးရီးယားတစ်မျိုး တွေ့ရှိ

ဖင်လန်နိုင်ငံ ဟယ်ဆင်ကီတက္ကသိုလ်မှ သိပ္ပံပညာရှင်တွေဟာ ဓာတ်ရောင်ခြည်သင့်မှုဒဏ် ခံနိုင်စွမ်းရှိပြီး ရေဒီယိုသတ္တိုကြွ အိုင်ဆိုတုပ်တွေကို အာနိသင်မဲ့သွားအောင် လုပ်နိုင်စွမ်းရှိတဲ့ ဘက်တီးရီးယားတစ်မျိုးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ယူရေနီယံမိုင်းတွင်းဟောင်းထဲကနေ တွေ့ရှိခဲ့တဲ့ ဘက်တီးရီးယားတွေဟာ ဓာတ်ရောင်ခြည်သင့်မှုဒဏ်ကို လူတွေခံနိုင်တာထက် အဆထောင်ပေါင်းများစွာ ခံနိုင်စွမ်း ပိုရှိပါတယ်။ အဲဒီ…

vege.jpg

ပိုးသတ်ဆေး အကြွင်းအကျန် စစ်ဆေးနိုင်မယ့်စက် တီထွင်ခဲ့တဲ့ ၁၄ နှစ်အရွယ် ကျောင်းသားလေး

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေပေါ်မှာ ပိုးသတ်ဆေးတွေ ကျန်ရှိနေသလားဆိုတာ စစ်ဆေးနိုင်မယ့်  လက်ကိုင်စက်တစ်မျိုးကို ၁၄ နှစ်အရွယ် ကျောင်းသားလေးက တီထွင်ဖန်တီးခဲ့ပါတယ်။ သျှရီသုဘဟာ ” အသီးတွေ မစားခင် ရေဆေးပါ”ဆိုတဲ့ စကားကို ” ဘာကြောင့်လဲ”လို့ စူးစမ်းရာကနေ ပိုးသတ်ဆေး…