ဗြိတိန်နည်းပညာလုပ်ငန်းရှင် Mike Lynch ရဲ့ရုပ်အလောင်းကို နစ်မြုပ်သွားတဲ့ရွက်လှေအပျက်အစီးထဲကနေ ဆယ်ယူရရှိ

23.8.2024-yyl-3.jpg

ဗြိတိန်နည်းပညာလုပ်ငန်းရှင် Mike Lynch ရဲ့ရုပ်အလောင်းကို အီတလီနိုင်ငံ၊ မစ္စလီကမ်းရိုးတန်းမှာ နစ်မြုပ်သွားတဲ့ ရွက်လှေအပျက်အစီးတွေထဲက ပြန်လည်တွေ့ရှိခဲ့တယ်လို့ အီတလီအစိုးရတာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

တနင်္လာနေ့မနက်အစောပိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်းကြောင့် Mike Lynch အပါအဝင် ခရီးသည် ၁၂ ဦးနဲ့ အမှုထမ်း ၁၀ ဦးလိုက်ပါလာတဲ့ ဇိမ်ခံရွက်လှေက နစ်မြုပ်သွားခဲ့တာပါ။ လူ ၁၅ ဦးကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ အများအပြားပျောက်ဆုံးနေဆဲပါပဲ။

ကြာသပတေးနေ့ကအထိ Ivoke Capital ကုမ္ပဏီတည်ထောင်သူ၊ Autonomy နဲ့ Darktrace ကုမ္ပဏီတွေရဲ့တွဲဖက်တည်ထောင်သူဖြစ်တဲ့ Mike Lynch ရဲ့ ၁၈ နှစ်သမီးလေး Hannah ပျောက်ဆုံးနေဆဲပါ။ Morgan Stanley International ဥက္ကဋ္ဌ Jonathan Bloomer နဲ့ ဇနီးဖြစ်သူ Judy တို့အပါအဝင် ရုပ်အလောင်း ၄ လောင်းကို ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ပါတယ်။

ဇိမ်ခံရွက်လှေနစ်မြုပ်သွားကတည်းက ကယ်ဆယ်ရှာဖွေရေးကြိုးပမ်းမှုတွေ လုပ်ဆောင်နေခဲ့ပေမဲ့ ရွက်လှေအပျက်အစီးတွေရဲ့အခြေအနေက ကယ်ဆယ်ရေးကို ရှုပ်ထွေးစေခဲ့ပါတယ်။ နစ်မြုပ်စေခဲ့တဲ့ ပြင်းထန်တဲ့ရာသီဥတုအခြေအနေက ရာသီဥတုသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိဘဲ မမျှော်လင့်ဘဲဖြစ်သွားခဲ့တာပါ။

Mike Lynch က မကြာသေးခင်ကမှ US လိမ်လည်မှုရုံးတင်စစ်ဆေးမှုမှာ တရားသေလွတ်မြောက်တာအတွက် ဂုဏ်ပြုဖို့ သူငယ်ချင်းမိတ်ဆွေတွေကို ရွက်လှေပေါ် ဖိတ်ကြားခဲ့တာပါ။

Ref: Tech Entrepreneur Mike Lynch’s body recovered from sunken yacht wreckage

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top