မော်အီကျွန်းပေါ်က မီးဘေးသင့်သူတွေအတွက် ကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းမယ့် ဂျက်ဖ်ဘီဇို့စ်

12.8.23-yyl-4.jpg

ဟာဝိုင်အီကျွန်းစုမှာရှိတဲ့ မော်အီကျွန်းပေါ်က မီးဘေးသင့်ပြည်သူတွေအတွက် Amazon ကုမ္ပဏီ စီအီးအို ဂျက်ဖ်ဘီဇို့စ်တို့ စုံတွဲက အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းဖို့ ကတိပြုခဲ့ပါတယ်။

ယခုသီတင်းပတ်အတွင်း မော်အီကျွန်းမှာ လောင်ကျွမ်းခဲ့တဲ့ တောမီးကြောင့် သေဆုံးသူ ၉၃ ဦးအထိ ရှိခဲ့ပြီး နှစ် ၁၀၀ အတွင်း အမေရိကန်နိုင်ငံမှာ လူသေဆုံးမှုအများဆုံး မီးလောင်ကျွမ်းမှု ဖြစ်ပါတယ်။

မီးဘေးသင့်သူတွေနဲ့ ထောက်ပံ့ကူညီရေး ဝန်ထမ်းတွေအတွက် အခန်းပေါင်း ၁၀၀၀ အထိ တည်ဆောက်ပေးဖို့ လိုအပ်နေပါတယ်။ ဂျက်ဖ်ဘီဇို့စ်နဲ့ ဇနီးလောင်း လောရန့်ဆန်းချက်ဇ်တို့က မော်အီကျွန်း မီးဘေးရန်ပုံငွေ ထူထောင်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ မတည်မယ်လို့ အင်စတာဂရမ်ကနေ ဖော်ပြခဲ့တာပါ။

အမေရိကန်ဒေါ်လာ ၁၆၀ ဘီလျံ ချမ်းသာကြွယ်ဝတဲ့ ဂျက်ဖ်ဘီဇို့စ်ဟာ အရင်ကလည်း ပရဟိတအကျိုး သယ်ပိုးခဲ့ဖူးပေမဲ့ သူ့ရဲ့လှူဒါန်းမှုတွေက နည်းပါးလွန်းတယ်ဆိုပြီး ဝေဖန်မှု ရင်ဆိုင်ခဲ့ရဖူးပါတယ်။

Ref: Billionaire Jeff Bezos and fiancée Lauren Sánchez to donate $100M to Hawaii wildfires relief fund

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top