Texas City က နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ ဝက်သစ်ချပင်ကို ဒေါ်လာ ၁သန်းနီးပါးကုန်ကျခံပြီး နေရာပြောင်းရွှေ့စိုက်ဖို့ စီစဉ်နေ

city.jpg

တက္ကဆပ်ပြည်နယ်က အာဏာပိုင်တွေဟာ လမ်းချဲ့ခြင်းစီမံကိန်းပြီးမြောက်ဖို့ရာ ရာစုနှစ်များစွာသက်တမ်းရှိ ဝက်သစ်ချပင်တစ်ပင်ကို ပြောင်းရွှေ့စိုက်ဖို့ ဒေါ်လာ ၁ သန်းနီးပါးအကုန်အကျခံသုံးစွဲဖို့လုပ်နေပါတယ်။ အချင်း ၅၁ လက်မအကျယ်ရှိတဲ့ ဝက်သစ်ချပင်ကို ရွှေ့ဖို့ စုစုပေါင်းကုန်ကျစရိတ်က ဒေါ်လာ ၉၃၂၈၀၀ လောက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီဝက်သစ်ချပင်က နှစ်ပေါင်း ၄၀၀ သက်တမ်းခန့်ရှိပြီး “Jolene” ဆိုတဲ့နာမည်နဲ့လူသိများပါတယ်။

“ဒီအပင်သက်တမ်းက အမေရိကန်နိုင်ငံထက် ကြီးတယ်။ ကျွန်တော်တို့ အဲ့ဒါကို ထိန်းသိမ်းရမယ်”လို့ ဒေသခံတစ်ဦးက ဆိုထားပါတယ်။ လမ်းပြုပြင်မှုတွေလုပ်ဖို့ ဝန်ထမ်းတွေ စတင်အကဲဖြတ်တဲ့အချိန် ၂၀၂၀ ခုနှစ်ကတည်းက သစ်ပင်ကြီးရဲ့အနာဂတ်က ဆွေးနွေးစရာဖြစ်လာခဲ့ပါတယ်။ သစ်ပင်က လမ်းရဲ့လူသွားလမ်းအစွန်း ၆ လက်မအကွာအတွင်း ရှိရမှာဖြစ်ပြီး သစ်ပင်ကို ဖယ်ရှားတာ၊ အနုပညာပရောဂျက်တစ်ခုအတွက် သစ်သားအဖြစ် ပြောင်းလဲထိန်းသိမ်းတာ၊ နေရာပြောင်းရွှေ့တာအပါအဝင် ရွေးချယ်စရာအမျိုးမျိုးစဉ်းစားခဲ့ကြတယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။ အဲ့ဒီသစ်ပင်ကြီးကို ကယ်တင်ဖို့ အွန်လိုင်းကတဆင့် လက်မှတ်ပေါင်း ၂၀၀၀ ကျော်နဲ့ အသနားခံစာတင်ခဲ့ကြပါတယ်။

အခုနှစ် ဖေဖော်ဝါရီလမှာတော့ မြို့ကောင်စီအဖွဲ့ဝင်တွေက သစ်ပင်ကို ပြောင်းရွှေ့စိုက်ဖို့ မဲပေးခဲ့ကြပါတယ်။ လက်ရှိနေရာကနေ မြောက်ဘက် ၄ ပုံတစ်ပုံအကွာမှာ ပြောင်းရွှေ့စိုက်ပျိုးသွားမှာဖြစ်ပါတယ်။ သစ်ပင်ကြီးကို ကာကွယ်ထိန်းသိမ်းတဲ့အနေနဲ့ ပန်းခြံအသေးစားပုံစံအဖြစ် ပြောင်းလဲသွားမှာပါ။ ပြောင်းရွှေ့တာကို အခုဆောင်းဦးရာသီမှာ လုပ်ဆောင်သွားမှာဖြစ်ပြီး သစ်ပင်ရှင်သန်နေဖို့ ထိန်းသိမ်းပြုစုတာကို ၂၀၂၅ ခုနှစ်ကနေ ၂၀၂၇ ခုနှစ်နောက်ပိုင်းအထိ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Ref: Texas City Is Relocating a 400-Year-Old Oak Tree Named ‘Jolene.’ It’ll Cost Nearly $1 Million

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top