လူ့ခန္ဓာကိုယ်ထဲမှ DNA အရှည်မှာ ကမ္ဘာမြေမှ ပလူတိုဂြိုဟ်သို့ ၁၇ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေး ရှိ

dna.png

လူ့ခန္ဓာကိုယ် ဆဲလ်တွေအတွင်းမှာရှိတဲ့ DNA တွေဟာ အထပ်ထပ်ဆင့်ကာ ရစ်ခွေထားတဲ့ ပုံသဏ္ဍာန်ရှိတာကြောင့် အလွန်ရှည်လျားပြီး အလျားလိုက် ဆွဲဆန့်လိုက်မယ်ဆိုရင် ကမ္ဘာမြေကနေ ပလူတိုဂြိုဟ်ကို ၁၇ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေး ရှိပါတယ်။

လူသားမျိုးဗီဇအစုအဝေးမှာ အခြေခံအတွဲအစပ် ၃ ဘီလျံရှိပြီး လူ့ခန္ဓာကိုယ်မှာ ခန့်မှန်းခြေအားဖြင့် ဆဲလ်ပေါင်း ၃၇ ထရီလျံ ပါဝင်ပါတယ်။ ဆဲလ်တစ်ခုဆီမှာ DNA တစ်မီတာအရှည်နဲ့ တွက်ချက်ရင်တောင် လူ့ခန္ဓာကိုယ်ထဲမှ DNA အရှည်ဟာ ကီလိုမီတာပေါင်း ၃၇ ဘီလျံအထိ ရှိနေမှာ ဖြစ်ပါတယ်။

အဲဒီအကွာအဝေးဟာ ကမ္ဘာမြေနဲ့ ပလူတိုဂြိုဟ်ကြား ၁၇ ခေါက် အသွားအပြန် လုပ်နိုင်သလို နေကနေ နပ်ကျွန်းဂြိုဟ်ကြား ၄ ခေါက် အသွားအပြန် လုပ်နိုင်တဲ့ အကွာအဝေးလည်း ဖြစ်ပါတယ်။

Ref: The astronomical length of DNA

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top