လက်သမားတစ်ဦးက အိမ်ရာမဲ့တွေအတွက် ရွှေ့ပြောင်းနိုင်တဲ့အိမ်ငယ်လေးတွေ အခမဲ့တည်ဆောက်ပေးနေ

28-10-2020-yyl-019.jpg

လူသားချင်းစာနာထောက်ထားတဲ့ လက်သမားတစ်ယောက်ကတော့ ဆောင်းရာသီကာလမှာ ကြုံသလို အိပ်စက်ရမယ့် အိမ်ရာမဲ့တွေ အသက်အန္တရာယ် မကြုံရစေဖို့အတွက် အအေးဒဏ်ခံနိုင်ပြီး ရွှေ့ပြောင်းနိုင်တဲ့ ခိုလှုံစရာ အိမ်ငယ်လေးတွေ တည်ဆောက်ပေးနေပါတယ်။ အဲဒီလက်သမားကတော့ ကနေဒါနိုင်ငံ တိုရွန်တိုမြို့မှာ နေထိုင်တဲ့ အသက် ၂၈ နှစ်အရွယ် ဆစ်ဝရိုက်ပါပဲ။ ဆစ်ဝရိုက်ဟာ ပြီးခဲ့တဲ့လကစပြီး အိမ်ရာမဲ့တွေအတွက် ရွှေ့ပြောင်းနိုင်တဲ့ အိမ်ငယ်လေးတွေ တည်ဆောက်ခဲ့တာပါ။

ပြင်ပအအေးဒဏ်ကို ကာကွယ်ပေးပြီး အခန်းတွင်းအပူဓာတ်ကို ထိန်းထားပေးမယ့် ရွှေ့ပြောင်းအိမ်ငယ်လေးတစ်လုံးကို ပစ္စည်းဖိုး အမေရိကန်ဒေါ်လာ ၁၀၀၀ ကုန်ကျပြီး ၈ နာရီကြာ အချိန်ယူတည်ဆောက်ရပါတယ်။ ဆစ်ဝရိုက်က အိမ်ရာမဲ့တွေအတွက် ရွှေ့ပြောင်းနိုင်တဲ့ အိမ်ငယ်လေးတွေ အခမဲ့တည်ဆောက်ပေးနေတာပါ။ အပူချိန် (-၂၀) ဒီဂရီဆဲလ်စီးယက်အထိ ကျဆင်းနေတဲ့ ဆောင်းရာသီမှာ အအေးဒဏ် ခံနိုင်တဲ့ ရွှေ့ပြောင်းအိမ်ငယ်လေးထဲမှာ ခန္ဓာကိုယ်အပူငွေ့ရှိရုံနဲ့ နွေးထွေးနေမယ်လို့ ဆိုပါတယ်။

” ရွက်ဖျင်တဲထဲမှာ အိပ်နေရသူတွေ အများကြီးပဲလေ။ အဲဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် အသုံးဝင်မယ်ထင်တဲ့ဟာကို လုပ်ပေးတာပါ။ ပန်းခြံတွေထဲမှာ လူတွေ ဒီလောက်များများ အိပ်စက်နေရတာကို အရင်တုန်းက မမြင်ဖူးပါဘူး။ ဆောင်းရာသီမှာ အိမ်အပြင်ဘက် နေရသူတွေ အသက်ရှင်သန်နိုင်အောင် ကျွန်တော် လုပ်ပေးတာပါ” လို့ ဆစ်ဝရိုက်က ပြောပါတယ်။ ဆစ်ဝရိုက်ဟာ သူ့ရဲ့စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အွန်လိုင်းက ရန်ပုံငွေကောက်ခံခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၅၀၀၀၀ ကျော် ရရှိခဲ့ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top