အိန္ဒိယရုပ်ရှင်လောကအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့ပါပြီ။ Elephant Whisperers ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားက ၉၅ ကြိမ်မြောက် အော်စကာဆုပေးပွဲမှာ အော်စကာဆု ရရှိခဲ့တာပါ။
ဒီဇာတ်ကားဟာ မိခင်မရှိတော့တဲ့ ဆင်သားပေါက်လေးကို တိုင်းရင်းသားမျိုးနွယ် ဇနီးမောင်နှံနှစ်ယောက်က မွေးမြူထားပြီး သူတို့ကြားက သံယောဇဉ်ကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။
The Elephant Whisperers ဟာ အော်စကာဆုရတဲ့ ပထမဆုံး အိန္ဒိယမှတ်တမ်းရုပ်ရှင်ကားပါ။
Ref: The Elephant Whisperers: Indian documentary makes history at Oscars 2023
NZ (ရိုးရာလေး)