ရန်ပုံငွေရှာဖွေပေးဖို့ ၅၇ နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာမယ့် ချန်ပီယံဟောင်း ဟိုလီဖီးလ်

7-5-2020-yyl-004.jpg

အငြင်းပွားဖွယ်မရှိ ဟဲဗီးဝိတ်ချန်ပီယံဟောင်းဖြစ်ခဲ့တဲ့ အီဗန်ဒါဟိုလီဖီးလ်ဟာ ပရဟိတအဖွဲ့အတွက် ရန်ပုံငွေ တိုးမြှင့်ရရှိအောင် သရုပ်ပြပွဲတွေ ကစားသွားမယ်လို့ ကြေညာခဲ့ပါတယ်။ အသက် ၅၇ နှစ်ရှိတဲ့ ဟိုလီဖီးလ်ဟာ လက်ဝှေ့ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ဆန္ဒရှိနေတယ်ဆိုတာကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ညမှာ သူ့ရဲ့လူမှုကွန်ရက်တွေကနေ ကြေညာခဲ့ပါတယ်။

” အဆင်သင့်ဖြစ်ပြီလား။ ပရိသတ်တွေအားလုံး မျှော်လင့်နေတဲ့အခိုက်အတန့် ရောက်ရှိလာပါပြီ။ ချန်ပီယံကြီး ပြန်လာပြီ။ ကျွန်တော် ကြိုးဝိုင်းထဲပြန်ဝင်လာမယ့်အကြောင်း ကြေညာပါရစေ။ #Unite4OurFight အတွက် ရန်ပုံငွေရှာပေးဖို့ သရုပ်ပြပွဲတွေ ကစားသွားမှာပါ” လို့ ဟိုလီဖီးလ်က ရေးသားထားပါတယ်။ ဟိုလီဖီးလ်ဟာ ၁၉၉၀ ပြည့်နှစ်တွေအတွင်း သံမဏိမိုက်တိုင်ဆန်နဲ့ ၂ ပွဲထိုးသတ်ခဲ့ဖူးပြီး ၂ ပွဲလုံး အနိုင်ရခဲ့သူပါ။ သူဟာ ၂၀၁၁ ခုနှစ်မှာ ဒိန်းမတ်ဖိုက်တာ ဘရိုင်ယန်နယ်ဆင်ကို အနိုင်ရခဲ့ပြီးနောက်ပိုင်း လက်ဝှေ့လောကကနေ အနားယူခဲ့သူပါ။ မိုက်တိုင်ဆန်ကလည်း ပရဟိတအဖွဲ့တွေအတွက် ရန်ပုံငွေပွဲစဉ်တွေ ထိုးသတ်ဖို့ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ဆန္ဒရှိနေသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top