စရောင်းတဲ့နေ့မှာတင် ရောင်းအားကောင်းခဲ့တဲ့ realme 10

12.3.2023-yyl-iamge-2.png

realme Myanmar မှ နောက်ဆုံးမိတ်ဆက် ရောင်းချခဲ့တဲ့ realme 10 ဟာ စရောင်းတဲ့နေ့မှာတင် ရောင်းအားတဟုန်ထိုး မြှင့်တက်ခဲ့ပါတယ်။ realme 10 ကို ၆၉၉၉၀၀ ကျပ်ဖြင့် မတ်လ ၃ ရက်နေ့မှ စပြီး မြန်မာတစ်နိုင်ငံလုံးရှိ realme အရောင်းကောင်တာတွေမှာ ရောင်းချပေးခဲ့တာပါ။

realme Brand Ambassador ဝတ်မှုန်ရွှေရည် မိတ်ဆက်ပေးခဲ့တဲ့ “RAM နှစ်ဆချိန်း 256 နဲ့သိမ်း” realme 10 ဟာ စရောင်းတဲ့နေ့မှာတင် တဟုန်ထိုး အားပေးမှု ရရှိခဲ့ပါတယ်။

Helio G99 Chipset နဲ့ 90Hz Super AMOLED Display ထိပ်တန်းနှစ်မျိုးပေါင်းစပ်ထားလို့ ပိုမိုကောင်းမွန်တဲ့ ဂိမ်းများစွာဆော့ကစားနိုင်စွမ်း ရှိပါတယ်။ မူလပါဝင်တဲ့ RAM 8GB အပြင် နောက်ထပ် 8GB အထိ ထပ်တိုးအသုံးပြုနိုင်တဲ့ Dynamic RAM* ပါဝင်မှုကြောင့် App (၁၈) ခုကို တစ်ချိန်တည်းမှာ ချောမွေ့စွာအသုံးပြုနိုင်ပါတယ်။

5000mAh ဘက်ထရီနဲ့ 33W Fast charging ကြောင့် အားအမြန်သွင်းပေးပြီး တနေ့တာလုံး စိတ်ကြိုက်အသုံးပြု၊ ဂိမ်းဆော့ကစားနိုင်သလို RAM 8GB နဲ့ ROM 256GB ထိ ပါဝင်လို့ ဓာတ်ပုံ၊ ရုပ်ရှင်တွေ စိတ်ကြိုက်သိမ်းဆည်းထားနိုင်ပါတယ်။ အကောင်းဆုံးဓာတ်ပုံရိုက်ချက်များ ဖမ်းယူနိုင်မယ့် 50MP ရောင်စုံ AI ကင်မရာပါဝင်တဲ့ realme 10 ကို Clash White နဲ့ Rush Black အရောင်နှစ်မျိုးထဲမှ ရွေးချယ်ဝယ်ယူနိုင်မှာပါ။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top