ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆော့ဖ်ဝဲကုမ္ပဏီ Epic Systems ကို စတင်တည်ထောင်ခဲ့တဲ့ အမျိုးသမီးလုပ်ငန်းရှင် ဂျူဒီဖော်ကနာက သူ့ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၇.၈ ဘီလျံထဲကနေ ၉၉ ရာခိုင်နှုန်းအထိ ပေးလှူသွားမယ်လို့ ကတိပြုခဲ့ပါတယ်။
လူသားဆန်ပြီး မျှတတဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်ခွင့်ရမှု၊ ပညာရေး၊ လူမှုတန်းတူညီမျှရေး စတဲ့အချက်တွေက အဓိကကျတယ်လို့ ခံယူထားသူ ဂျူဒီဖော်ကနာဟာ သူ တည်ထောင်ထားတဲ့ Roots & Wings Foundation မှတစ်ဆင့် သူ့ရဲ့ပိုင်ဆိုင်မှုတွေကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။
မသေခင်မှာ ပိုင်ဆိုင်မှုအားလုံးနီးပါး လှူဒါန်းသွားမယ်ဆိုတဲ့ ကတိပြုချက်(Giving Pledge)ကို ဘီလ်ဂိတ်၊ ဝါရင်းဘက်ဖက်နဲ့ ချက်ဖီးနေးတို့လို ကမ္ဘာကျော်ပုဂ္ဂိုလ်တွေက ရှေ့ဆောင်လမ်းပြ လုပ်ခဲ့ကြပြီး အခုအခါမှာတော့ ဂျူဒီဖော်ကနာကလည်း သူတို့နည်းတူ ကတိပြုခဲ့တာပါ။
Ref: The Giving Pledge. (2025). Judy Faulkner’s Pledge Letter
NZ (ရိုးရာလေး)

