လီယိုနာဒိုနဲ့အတူတွဲမြင်ခဲ့ရတဲ့ပုံထွက်ရှိလာပြီးတဲ့နောက်မှာ ဂျီဂျီဟာဒစ်ရဲ့အသက်ကို Google မှာ ရှာဖွေမှုများလာ

15.9-2022-yyl-01.jpg

လီယိုနာဒိုနဲ့အတူတွဲမြင်ခဲ့ရတဲ့ပုံထွက်ရှိလာပြီးတဲ့နောက်မှာ ဂျီဂျီဟာဒစ်ရဲ့အသက်ကို Google မှာ ရှာဖွေမှုများလာ

ပါတီတစ်ခုမှာ အတူတွဲမြင်ခဲ့ရတဲ့ မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုနဲ့နာမည်ကြီးမော်ဒယ် ဂျီဂျီဟာဒစ်တို့ရဲ့ပုံတွေဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။ လီယိုနာဒိုနဲ့ ဂျီဂျီတို့ တွဲနေတာလားဆိုတဲ့ ကောလဟာလပြောဆိုခန့်မှန်းချက်တွေလည်း ထွက်ရှိလာခဲ့ပါတယ်။

လီယိုနာဒိုရဲ့ ဂျီဂျီဟာဒစ်တို့ အတူတွဲမြင်ရတဲ့ပုံတွေကို Dailymail သတင်းဌာနက ရရှိခဲ့တာပါ။ အဲဒီပုံထဲမှာ လီယိုနာဒိုက ဂျီဂျီနားကပ်ပြီး တိုးတိုးလေးပြောနေတာကို မြင်ရပါတယ်။ ဂျီဂျီကလည်း လီယိုနာဒိုဘက် ကိုင်းညွတ်ပြီး နားထောင်နေတာတွေ့ရပါတယ်။

လီယိုနာဒိုနဲ့ ဂျီဂျီတို့က ပြီးခဲ့တဲ့အပတ်က တစ်ခါလောက်တော့ အတူတူ အပြင်ထွက်ခဲ့ပေမဲ့ သူတို့နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးအောင်လုပ်နေတုန်းဖြစ်တယ်လို့ Page Six သတင်းဌာနရဲ့ အရင်းအမြစ်က ဆိုပါတယ်။

ပါတီတစ်ခုမှာ အတူတွဲမြင်ခဲ့ရတဲ့ မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုနဲ့နာမည်ကြီးမော်ဒယ် ဂျီဂျီဟာဒစ်တို့ရဲ့ပုံ

အခုဆိုရင် လီယိုနာဒိုနဲ့ ဂျီဂျီတို့ရဲ့ကောလဟာလသတင်းထွက်လာတာနဲ့တစ်ပြိုက်နက်တည်း လူမှုကွန်ယက်အသုံးပြုသူတွေက ဂျီဂျီရဲ့အသက်ကို Google မှာ ရှာဖွေကြပါတော့တယ်။ အခုလိုရှာဖွေရတာက လီယိုနာဒိုဟာ အသက် ၂၅ နှစ်အောက် မိန်းကလေးတွေကိုပဲ တွဲတဲ့သူဆိုပြီး နာမည်ကြီးနေတာကြောင့်ပါ။

Google မှာ ရှာဖွေမှုနှုန်းများနေတယ်လို့ သိရပါတယ်။ Google မှာ ဂျီဂျီရဲ့အသက်ကို ရှာကြည့်လိုက်ရင် သူ့အသက်က ၂၇ နှစ်ဖြစ်ပါတယ်။ ဒါကြောင့် လီယိုနာဒိုက အသက် ၂၅ နှစ်အောက် စည်းမျဉ်းကို ချိုးဖောက်တော့မှာလားလို့ ပြောဆိုနေကြပါတယ်။

အသက် ၂၅ နှစ်အရွယ် မော်ဒယ်မင်းသမီး ကာမီလာ မော်ရိုနီနဲ့ လမ်းခွဲလိုက်ပြီးတဲ့နောက်မှာ လီယိုနာဒိုက အသက် ၂၅ နှစ်အောက် မိန်းကလေးတွေကိုပဲ တွဲတယ်ဆိုတဲ့အကြောင်းက လူပြောစရာဖြစ်လာခဲ့တာပါ။ မကြာသေးခင်က Emmy ဆုပေးပွဲမှာ အစီအစဉ်တင်ဆက်သူ ခီနန် သွန်ဆမ်က လီယိုနာဒိုနဲ့ပတ်သက်ပြီး မင်းသမီး ဇန်ဒါယာကိုလည်း အခုလိုစနောက်ခဲ့ပါတယ်။

ပါတီတစ်ခုမှာ အတူတွဲမြင်ခဲ့ရတဲ့ မင်းသားကြီး လီယိုနာဒို ဒီကာပရီယိုနဲ့နာမည်ကြီးမော်ဒယ် ဂျီဂျီဟာဒစ်တို့ရဲ့ပုံ

“ဇန်ဒါယာက ၂၆ နှစ်ပြည့်သွားခဲ့ပြီ။ ၂၆ နှစ်က ဟောလိဝုဒ်မှာ ပုံမှန်မဟုတ်တဲ့အသက်အရွယ်ပါ။ အထက်တန်းကျောင်းသူတစ်ယောက်အဖြစ် သရုပ်ဆောင်ဖို့ ငယ်ရွယ်ပေမဲ့ လီယိုနာဒို ဒီကာပရီယိုကို တွဲဖို့ အရမ်းအသက်ကြီးတယ်”တဲ့။ အဲဒီအချိန်မှာ ကင်မရာက ဇန်ဒါယာဘက်လှည့်လာတဲ့အတွက် သူ့မျက်နှာကို ကွယ်ထားခဲ့ပါတယ်။

Ref: Google Searches For Gigi Hadid’s Age Spike Amid Dating Rumour & Cozy Pic With Leonardo DiCaprio

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top