အက်ရှင်မင်းသားကြီးဂျက်ကီချန်း နေထိုင်ခဲ့ဖူးတဲ့ ပေကျင်းမြို့ကအိမ်ခန်းတွေကို လေလံတင်ရောင်းချတော့မယ်

31-8-2020-yyl-011.jpg

ဟောင်ကောင်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းနဲ့ သူ့မိသားစုတို့ ဆယ်စုနှစ်လောက် နေထိုင်ခဲ့တဲ့ ပေကျင်းမြို့က ဇိမ်ခံတိုက်ခန်း (၂) ခန်းကို လေလံတင်ရောင်းချတော့မယ်လို့ သိရပါတယ်။ ပေကျင်းမြို့လယ်ခေါင် ဒုန်ချန်ခရိုင်မှာ တည်ရှိတဲ့ တိုက်ခန်း(၂) ခန်းကို ယွမ် (၇၁.၉) သန်း (ကန်ဒေါ်လာ ၁၀.၅) သန်းကနေ စတင်ပြီး လေလံတင်မှာဖြစ်တယ်လို့ တရုတ်မီဒီယာတစ်ခုမှာ ဖော်ပြထားပါတယ်။

Qingliu Studio သတင်းဌာနကလည်း လေလံတင်ဝက်ဆိုက်ရဲ့စာရင်းမှာ ဂျက်ကီချန်းရဲ့ဇိမ်ခံတိုက်ခန်းတွေ ပါဝင်ကြောင်းနဲ့ သူတို့မိသားစုက အဲဒီမှာ ၂၀၀၇ခုနှစ်ကတည်းက နေထိုင်ခဲ့ဖူးတယ်လို့ဆိုပါတယ်။ လေလံတင်ဝက်ဆိုက်စာရင်းမှာတော့ တိုက်ခန်းတွေက (၁၂၁၇) စတုရန်းမီတာ၊ အိမ်ခန်း (၆) ခန်း၊ ဧည့်ခန်းနေရာ (၃) နေရာရှိပြီး ဈေးကွက်တန်ဖိုးအနေနဲ့ ကန်ဒေါ်လာ (၁၄.၆) သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ လေလံတင်ရောင်းချမှုကို စက်တင်ဘာ ၂၈ ရက်နေ့မှာ စတင်မှာဖြစ်ပြီး လေလံမှာ လူ (၆၀၀) ကျော်ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဂျက်ကီချန်းကို Bejing Yujia Real Estate က ဒီတိုက်ခန်းတွေကို ၂၀၀၇ခုနှစ်က Yujia Real Estate နဲ့ အလုပ်တွဲလုပ်တဲ့အတွက် ရရှိခဲ့တဲ့ အခကြေးငွေရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ကန်ဒေါ်လာ (၄.၉) သန်းဝန်းကျင်လောက်နဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဂျက်ကီချန်းနဲ့ သူ့မိသားစုက အဲဒီမှာ ဆယ်စုနှစ်တစ်ခုကျော်နေထိုင်ခဲ့စဉ်မှာ Yujia Real Estate က ဂျက်ကီချန်းကို တိုက်ခန်းပိုင်ဆိုင်မှုတွေကို တရားဝင်လွှဲပြောင်းမပေးခဲ့ဘူးလို့ သတင်းတွေအရ သိရပါတယ်။ နောက်ပိုင်းကျမှ အခြား Tenhong Real Estate Group က ကြွေးမြီးပြဿနာတွေနဲ့ပတ်သက်ပြီး Yujia Real Estate ကို တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးက ဂျက်ကီချန်းဝယ်ယူခဲ့တဲ့ တိုက်ခန်း (၂) ခန်းအပါအဝင် ပိုင်ဆိုင်မှုတွေကို သိမ်းဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

အရင်တုန်းကတော့ ပေကျင်းက အိမ်ဟာ ဂျက်ကီချန်းရဲ့သား ဂျေဆီ ချန်းကို Marijuana ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့ ရဲတွေ ဖမ်းခဲ့တဲ့အချိန်မှာ မီဒီယာတွေရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပါတယ်။ မနေ့က ဂျက်ကီချန်းရဲ့ပြောရေးဆိုခွင့်ရှိသူနဲ့ အိမ်ခြံမြေအကျိုးဆောင်တွေက လေလံတင်မယ့်သတင်းနဲ့ပတ်သက်ပြီး ချက်ချင်းတုံ့ပြန်ခဲ့ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

Ref: AsiaOne “Action star Jackie Chan’s luxury downtown Beijing homes put up for auction”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top