ယာယီအတွက်သာ ရည်ရွယ်ခဲ့ပေမဲ့လည်း တည်မြဲသွားခဲ့တဲ့ ဖြစ်ရပ် (၁၀) ခု

tax2-1.jpg

အခုဖော်ပြပေးလိုက်တဲ့ ဖြစ်ရပ် ဆယ်ခုကို စပြီးဖန်တီးတုန်းကတော့ ရေရှည်တည်မြဲစေဖို့ မရည်ရွယ်ခဲ့ကြပါဘူး။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးကြောင့်ပဲ

လက်ရှိကာလအထိအောင် တည်တံ့နေဆဲအရာတွေ ဖြစ်လာခဲ့ပါတယ်။ ဗဟုသုတဖြစ်စရာ အချက်အလက်တွေမို့ ဖတ်ရှုကြည့်လိုက်ကြပါဦးခင်ဗျ…။

(1) ဝင်ငွေအခွန် (Income tax )

၁၇၉၉ ခုနှစ်မှာ ဝီလီယံပစ်ထ် (William Pitt) က စတင်မိတ်ဆက်ခဲ့ပါတယ်။ နပိုလီယံတိုက်ခဲ့တဲ့ စစ်ပွဲတွေအတွက် ကုန်ကျစရိတ်ရှာဖ်ို့ နှစ်စဉ် ပေါင် ၆၀ ထက်ပိုတဲ့ဝင်ငွေရှိတဲ့သူတိုင်း (၀.၈%) ကို အခွန်အဖြစ်ဆောင်ရပါတယ်။၁၈၀၂ ခုနှစ်ကနေ ၁၈၁၆အထိ ဖျက်သိမ်းခဲ့ပြီးနောက် ဝါတာလူးစစ်ပွဲအပြီး နောက်တစ်နှစ်မှာ ဆာရောဘတ်ပီးလ် (Sir Robert peel) က ပြန်လည်မိတ်ဆက်ခဲ့ပါတယ်။ (ဝါတာလူး စစ်ပွဲမှာ နပိုလီယံ အရေးနိ်မ့်ခဲ့ပါတယ်) အဲဒီနောက် နှစ်စဉ် လွှတ်တော်မှာ အသစ် အသစ်သော အခွန်ပုံစံတွေကို အီလီယက်ကိန်း(Elliot Kane) က အဆိုပြုခဲ့ပါတယ်။

(2) အီဖယ်လ် တာဝါ (Eiffel Tower)

၁၈၈၉ ခုနှစ်ကနေ နှစ် ၂၀ စာပဲ ရည်ရွယ်တည်ဆောက်ခဲ့တာဖြစ်ပြီး ယနေ့အထိ တည်မြဲနေခဲ့ပါတယ်။

(3) လွှတ်တော် ဥပဒေ (Parliament Act)

၁၉၁၁ ခုနှစ်မှာ House of Lords (လွှတ်တော်ရဲ့ upper house/လွှတ်တော်ရဲ့အထက်) ကနေ တရားစီရင်ရေးပြုတာကို ပြောင်းလဲဖို့အတွက် ဘင်န်ဂျာမင်လီဝတ်စ် (Benjamen Lewis) က ယာယီပြဌာန်းခဲ့တာဖြစ်ပါတယ်။ ခရစ်စ်ရောက်လန် (Chris Rowland) က ၁၉၉၉ မှာ မင်းမျိုးမင်းနွယ် မှူးကြီးမတ်ရာ 92 ဦးကို အထက်လွှတ်တော်မှာ နေရာပေးတဲ့ House of Lords Act ထံ အကြံပြုခဲ့ပါတယ်။ သူတို့တွေဟာ အခုချိန်ထိ ရွေးကောက်ပွဲရလဒ်တွေကို ရံဖန်ရံခါ ချုပ်ကိုင်ထားတုန်းပါပဲ။

(4) အရက်ဆိုင်ဖွင့်ချိန် (Pub opening hours )

၁၉၁၄ ခုနှစ်မှာ Defence of the Realm Act (ပထမ ကမ္ဘာစစ် စတဲ့ အချိန် England နိုင်ငံရဲ့ ပြည်တွင်းမှာ ပြည်သူတွေကို ကိုစောင့်ရှောက်တဲ့ အဖွဲ့) က စတင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ”စစ်ပွဲအတွင်းအတွက်ပဲ ရည်ရွယ်ခဲ့တာ ၂၀၀၅ အထိ တည်မြဲခဲ့တယ် ” လို့ မက်ဂီလီဗန် (Maggie Levan) ကပြောပါတယ်။ (Monday to Thursday က နံနက် ၁၀: ၃၀ ကနေ ည ၁၁:၃၀ /Friday နဲ့ Saturday က နံနက် ၁၀: ၃၀ ကနေ ည ၁၂:၃၀/Sunday က နေ့လည် ၁၂:၃၀ ကနေ ည ၁၁: ၃၀)။ “ကမ္ဘာစစ်အတွင်း ဆိုတော့ အရေးပေါ်ထုတ်ပြန်တဲ့ စည်းကမ်းပါဆိုရင် လူတွေယုံကြတာပဲလေ” လို့ပြောပါတယ်။

(5) ကွန်မြူနစ်သူပုန်ထမှုအတွက် ယာယီ ပြင်ဆင်စီမံချက် (Temporary Provision against the Communist Rebellion)

၁၉၄၈ ကနေ ၁၉၉၂ အထိ တည်မြဲခဲ့တဲ့ ထိုင်ဝမ်ရဲ့ စစ်တပ်ဆိုင်ရာ ဥပဒေဟာ ၁၉၉၀ ခုနှစ် ဒီမိုအရေးစတင်ချိန်မှသာ ပျောက်ပျက်သွားခဲ့ပါတယ်။

(6) ဂျာမနီ နိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ (Germany’s constitution)

“အနောက်ဂျာမနီအတွက် ၁၉၄၈-၁၉၄၉မှာရေးခဲ့တာပါ။ ပြန်လည်သင့်မြတ်ခဲ့ရင် နောက်ဆုံး စာတမ်းကိုသာ သုံးမယ်ဆိုခဲ့ပေမဲ့ တကယ်တမ်းပြန်လည် ပေါင်းစည်းကြတဲ့အခါ စာတမ်း ၂၃ ခုလုံးကို ခြုံငုံပြီး ပြန်လည်ရွေးချယ်ခဲ့ပါတယ်”လို့ စတီးဝတ်ထ်ဝုတ်ထ် (Stewart Wood) ကပြောခဲ့ပါတယ်။

(၇) ကန့်သတ်အမြန်နုွန်း (Speed limit of 70 mph )

၁၉၆၅ ခုနှစ်မှာ ဗြိတိန်ရဲ့ အမြန်လမ်း ကို တစ်နာရီ ၇၀ မိုင်နုွန်းအဖြစ် ယာယီ သတ်မှတ်ခဲ့ပြီး မြို့တွင်းလမ်းတွေကတော့ တစ်နာရီ ၃၀ မိုင်နှုန်းဖြစ်ပါတယ်။ ၁၉၆၇ မှာဒါကို အတည်ပြုခဲ့ပါတယ်။

(8) ဥရောပ တစ်ခွင် စီးပွားကူးသန်း နယ်နိမိတ် (European Economic Area)

၁၉၄၄ မှာ EU အဖွဲ့ဝင်နိုင်ငံတွေအတွက် စတင် အခြေတည်ခဲ့ပါတယ်။ ဖင်လန် နဲ့ ဆွီဒင်တို့က အဖွဲ့ဝင် နိုင်ငံအကုန်လုံးနဲ့ သွားချင်ပေမယ့် ဆွဇ်လန်က ပြည်သူတွေကို မဲခွဲဆုံးဖြတ်စေချင်ခဲ့ပါတယ်။ လွပ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ရတဲ့ နိုင်ငံတွေကတော့ နော်ဝေ၊ အိုက်စ်လန်နဲ့ လစ်ခ်ျတန်စတိုင်းတို့ ဖြစ်ပါတယ်။ Brexit Britain ကတော့ အခုချိန်ထိ အလုပ်ဖြစ်နေဆဲပါပဲ။ (Brexit ဆိုတာက Britain Exit ဖြစ်ပါတယ် ၂၀၁၆ မှာ Britain (ဗြိတိန်) ဟာ EU ကနေ ထွက်ခဲ့ပါတယ်)

(9) London Eye

(ချားရဟတ် လို steel structure မျိုးဖြစ်ပြီး မြို့ရဲ့ မြင်ကွင်းတွေကို မှန်လုံအိမ်လေးထဲကနေ ကြည့်ရှုခံစားကြရတာ ဖြစ်ပါတယ်)၂၀၀၀ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီး ၅ နှစ်စာသာ ရည်ရွယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖြုတ်သိမ်းလို့ရပြီး နေရာအသစ်တွေကိုလည်း ရွှေ့ပြောင်းနိုင်ပါတယ်တဲ့။

(10) အင်္ဂလန်ဘောလုံးအသင်းနည်းပြ ဂရက်သ် ဆောက်ဂိတ် (Gareth Southgate)

၂၀၁၆ စက်တင်ဘာမှာ ယာယီနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး န်ိုင်ငံရေးသမား ဂျွန်အိဗလွိုက် (John Eveleigh) ရဲ့ ထောက်ခံအားပေးမှုနဲ့ နိုဝင်ဘာလမှာ လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

Refrence: Independent ”The Top 10 temporary things turned out to be permanent”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top