ဟောင်ကောင်မှာ အာဖရိကဝက်တုပ်ကွေးတွေ့ရှိလို့ ဝက်အကောင်ရေ (၃၀၀၀) ကို ရှင်းလင်းပစ်မယ်

photos.jpg

ဟောင်ကောင်က ဒေသတွင်းဝက်မွေးမြူရေးခြံမှာ အာဖရိကဝက်တုပ်ကွေးကိုတွေ့ရှိပြီးတဲ့နောက်မှာတော့ ဝက်အကောင်ရေ ၃၀၀၀ ကို သတ်ပစ်မယ်လို့ သိရပါတယ်။ ဟောင်ကောင်စိုက်ပျိုးမွေးမြူရေးနှင့်ထိန်းသိမ်းရေးဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ အဲဒီအာဖရိကဝက်တုပ်ကွေးဗိုင်းရပ်စ်ကို Yuen Long မြို့လေးက စက်ရုံတစ်ခုမှာ ပထမဆုံးတွေ့ရှိခဲ့ပြီး မွေးမြူရေးခြံက ဝက်တွေသယ်ယူပို့ဆောင်တာကို ဆိုင်းငံ့ထားခဲ့ရပါတယ်။ ဝက်အကောင်ရေ ၃၀၀၀ ကို ဖြစ်နိုင်ရင် အမြန်ဆုံးသတ်ပစ်မှာဖြစ်ပြီး ဝက်ပိုင်ရှင်တွေကို လျော်ကြေးပေးမယ်လို့ မနေ့က ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်က ဝက်တွေကို တရုတ်ပြည်မကြီးကနေ အများဆုံးရရှိတာဖြစ်ပြီး ၂၀၁၈ ခုနှစ်က ပထမဆုံးအာဖရိကဝက်တုပ်ကွေးဖြစ်ပွားခဲ့ပါတယ်။ မပျောက်ကင်းနိုင်တဲ့ ဒီရောဂါက ဝက်တွေ တင်ပို့ရောင်းချမှုကို လျော့ချတာ၊ ဝက်သားထွက်ရှိမှုကိုလျှော့ချခဲ့တာကြောင့် တရုတ်တွေအနှစ်သက်ဆုံးအသားဖြစ်တဲ့အတွက် ဝက်တင်သွင်းမှုနဲ့ရောင်းချတဲ့ဈေးနှုန်းတွေက မြှင့်တက်လာခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မေလမှာ ဟောင်ကောင်က တရုတ်ပြည်မကနေတင်သွင်းတဲ့ဝက်တွေမှာ ရောဂါတွေ့ရှိခဲ့ပါတယ်။

လက်ရှိရောဂါတွေ့ရှိမှုက ဒေသတွင်းမွေးမြူရေးခြံတွေလည်ပတ်မှုနဲ့ ဝက်တွေအားလုံးအသက်ရှင်မှုအပေါ် သက်ရောက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒေသတွင်း ဝက်မွေးမြူရေးခြံတွေကိုစစ်ဆေးနေစဉ်အတွင်း အာဏာပိုင်တွေက ဗိုင်းရပ်စ်ရဲ့အရင်းမြစ်ကို ဆက်လက်ခြေရာခံစုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Ref: TheStraitsTimesHong Kong to kill 3,000 pigs after African swine fever found

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top