ဆန္ဒပြသူတွေကို မြန်မာစစ်တပ်က အင်အားသုံးအကြမ်းဖက်မှုအပေါ် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ အပြင်းအထန်ရှုတ်ချ

10-2-2021-yyl-13.jpg

အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေအပေါ် အင်အားသုံးဖြိုခွဲခြင်းနဲ့ပတ်သက်ပြီး ရှုတ်ချခဲ့တဲ့အပြင် မြန်မာပြည်သူလူထုကို လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“ဆန္ဒပြသူတွေအပေါ် အင်အားသုံးပြီးအကြမ်းဖက်တာကို ကျွန်တော်တို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်။ မြန်မာနိုင်ငံက လူတိုင်းဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ အသင်းအဖွဲ့ဖွဲ့စည်းခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်အပါအ၀ င်ငြိမ်းချမ်းစွာဆန္ဒပြဖို့အတွက် အခွင့်အရေးတွေရှိပါတယ်”လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ နက်ပရိုက်စ် (Ned Price) က ပြောကြားခဲ့ပါတယ်။

“အာဏာလွှဲပြောင်းပေးရေး၊ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခံထားရတဲ့အစိုးရကိုပြန်လည်ပေးအပ်ရေး၊ ထိန်းသိမ်းခံထားရသူတွေကိုပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးကန့်သတ်ချက်အားလုံးကိုဖယ်ရှားပေးဖို့၊ အကြမ်းဖက်မှုကိုရှောင်ကြဉ်ဖို့စစ်တပ်ကို ကျွန်တော်တို့တောင်းဆိုပါတယ်” လို့ နက်ပရိုက်စ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

ဥရောပသမဂ္ဂ (EU) ရဲ့နိုင်ငံခြားရေးမူဝါဒအကြီးအကဲ ဂျိုဆက် ဘောရယ်လ် (Josep Borrell) ကလည်း မြန်မာစစ်တပ်ကို အာဏာသိမ်းယူအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်ချမှတ်နိုင်ကြောင်း၊ မြန်မာပြည်သူလူထုကို ထိခိုက်စေမယ့် အပြစ်ပေးမှုမျိုးမရှိသင့်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

ဘောရယ်လ်က “ ကျွန်တော်တို့ ရွေးချယ်ဆုံးဖြတ်မှုအားလုံးကိုပြန်လည်သုံးသပ်နေပါတယ်။ လူပုဂ္ဂိုလ်တစ်ဦးချင်းနဲ့စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ထပ်ပစ်မှတ်ထားပိတ်ဆို့မှုတွေလုပ်သွားမယ်” လို့ ပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအကူအညီတွေကို ပြန်လည်သုံးသပ်တာ (ဒါမှမဟုတ်) အရှေ့တောင်အာရှနိုင်ငံတွေနဲ့ ကုန်သွယ်ရေးဆက်သွယ်တာတွေကို တားဆီးနိုင်တယ်လို့ ဘောရယ်လ်ကပြောပါတယ်။

ဒါပေမဲ့ စပိန်ဝန်ကြီးချုပ်ဟောင်းက လူအများစုကို ထိခိုက်နစ်နာစေမယ့် လုပ်ဆောင်ချက်တွေကို အလျင်အမြန်ရှောင်ရှားသင့်ကြောင်းပြောကြားခဲ့ပါတယ်။ ဥရောပသမဂ္ဂရဲ့၂၇ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေက ဖေဖော်ဝါရီလ ၂၂ ရက်မှာ ပြုလုပ်မယ့် အစည်းအဝေးမှာ နောက်ထပ်လုပ်ဆောင်မှုတွေကို ဆွေးနွေးသွားမယ်လို့ပြောကြားခဲ့ပါတယ်။

Ref: TheStraitsTimes “US ‘strongly’ condemns violence against protesters as EU weighs sanctions on Myanmar military”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top