Samsung ရဲ့ ယခင်ကထွက်ရှိခဲ့တဲ့ Galaxy ထုတ်ကုန်များအတွက် One UI 7 Update ကို ဧပြီလ (၇) ရက်နေ့ကစတင်ပြီး ရရှိနိုင်တော့မည် 

ai-sum.jpg

ကမ္ဘာတစ်ဝှမ်းမှာ မိုဘိုင်း AI ကို ပိုမိုတွင်ကျယ်စွာအသုံးပြုနိုင်စေဖို့ Galaxy AI လုပ်ဆောင်ချက်အသစ်တွေကို  ယခင်ကထွက်ရှိခဲ့တဲ့ Galaxy ထုတ်ကုန်တွေမှာပါ အသုံးပြုနိုင်အောင် One UI 7 Update နဲ့အတူ ယူဆောင်လာတော့မှာ ဖြစ်ပါတယ် ။Samsung Electronics ဟာ ဆန်းသစ်တီထွင်မှုတွေနဲ့ မိုဘိုင်း AI ရဲ့ ခေတ်သစ်တစ်ခုကို ဖန်တီးနေတာနဲ့အညီ ယခုအခါမှာလည်း One UI 7 Update နဲ့အတူ Galaxy AI လုပ်ဆောင်ချက်အသစ်တွေကို ယခင်ကထွက်ရှိခဲ့တဲ့ Galaxy ထုတ်ကုန်များမှာပါ အသုံးပြုနိုင်အောင် ယူဆောင်ပေးလာတော့မှာပါ။ Samsung သုံးစွဲသူတွေ စောင့်မျှော်လျက်ရှိတဲ့ One UI 7 Official Update ကို ၂၀၂၅ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ တရားဝင်စတင်ရရှိတော့မှာဖြစ်ကြောင်းကိုလည်း ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါ Galaxy AI လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုနိုင်စေမယ့် One UI 7 Update ကို Galaxy S24 Series၊ Galaxy Z Fold6 နဲ့ Galaxy Z Flip6 စမတ်ဖုန်းတွေမှာ ဧပြီလ (၇) ရက်နေ့ကနေစတင်ရရှိသွားမှာဖြစ်ပြီးတော့ နောက်အပတ်များမှာတော့ Galaxy S24 FE၊ Galaxy S23 Series၊ Galaxy S23 FE၊ Galaxy Z Fold5၊ Galaxy Z Flip5၊ Galaxy Tab S10 Series နဲ့ Galaxy Tab S9 Series များ အပါအဝင် အခြားသော Galaxy စမတ်ဖုန်းများနဲ့ တက်ဘလက်များအထိပါ တိုးချဲ့ပေးသွားမှာဖြစ်ပါတယ်။ 

ne UI 7 Update ဟာ Galaxy AI လုပ်ဆောင်ချက်အသစ်တွေအပါအဝင် သိသားထင်ရှားတဲ့ အပြောင်းအလဲကောင်းများစွာနဲ့ ယခင်ကထက် ပိုမိုသာလွန်တဲ့ အတွေ့အကြုံများကို Samsung သုံးစွဲသူများထံ ယူဆောင်လာခဲ့ပြီး လွယ်ကူချောမွေ့တဲ့ မိုဘိုင်းအသုံးပြုမှုအတွေ့အကြုံကို ဖန်းတီးပေးနိုင်စေဖို့အတွက်လည်း အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ရိုးရှင်းပြီး ထိရောက်တဲ့ ဒီဇိုင်းကြောင့် အမြင်ရှုပ်ထွေးမှုကိုလျှော့ချပေးနိုင်သလို အသစ်ပါဝင်လာတဲ့ Now Bar လုပ်ဆောင်ချက်ကြောင့် Lock Screen အသုံးပြုမှု အတွေ့အကြုံက သိသိသာသာ ပြောင်းလဲသွားမှာပါ။  

ပိုမိုအဆင့်မြင့်လာတဲ့ Galaxy AI လုပ်ဆောင်ချက်အသစ်တွေကလည်း လုပ်ငန်းဆောင်တာတွေကို ပိုမိုထိရောက်စွာပြီးမြောက်နိုင်စေပြီး မိမိစိတ်ကူးတွေကိုလည်း လက်တွေ့ဖန်တီးပုံဖော်နိုင်စေဦးမှာပါ။ Screen ပေါ်မှာရှိတဲ့ မိမိ မှတ်သား သိမ်းဆည်းလိုတဲ့ ဘယ်အရာကိုမဆို AI Select နဲ့ အလွယ်တကူမှတ်သားသိမ်းဆည်းနိုင်ပြီး Writing Assist လုပ်ဆောင်ချက်ကလည်း စာသားတွေကို အကျဉ်းချုံးလိုသည်ဖြစ်စေ ပြုပြင်ရေးသားလိုသည်ဖြစ်စေ အထိရောက်ဆုံးကူညီပေးနိုင်ပါဦးမယ်။ မိမိရေးခြစ်ထားတဲ့ ပုံကြမ်းတွေကို အချိန်ခဏအတွင်းမှာ လှပပြောင်မြောက်တဲ့ ရုပ်ပုံတွေဖန်တီးပေးနိုင်မယ့် Drawing Assist လုပ်ဆောင်ချက်ကိုလည်း ထိရောက်စွာအသုံးပြုနိုင်ဦးမှာပါ။ 

ဒါတင်မကဘဲ နောက်ဆုံးပေါ် Samsung Galaxy S25 Series စမတ်ဖုန်းတွေမှာ စတင်ပါဝင်လာခဲဲ့ပြီး သုံးစွဲသူများအကြားလူကြိုက်များလျက်ရှိတဲ့ Audio Eraser လုပ်ဆောင်ချက်အသစ်ကလည်း ရိုက်ကူးထားတဲ့ ဗီဒီယိုများထဲက အသံတွေကို စီစစ်ပြီး မလိုအပ်တဲ့အသံတွေကို ဖယ်ထုတ်ပေးနိုင်ဦးမှာဖြစ်ပါတယ်။ပိုမိုအဆင့်မြင့်တဲ့ Google Gemini လုပ်ဆောင်ချက်တွေကိုလည်း ထည့်သွင်းပေးထားတာဖြစ်လို့ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ မိမိသိလိုသမျှကို မေးမြန်းနိုင်မယ့် AI အဖော်မွန်ကောင်းတစ်ယောက်လို အကူအညီပေးနိုင်တော့မှာပါ။ 

One UI 7 Update နဲ့ Galaxy AI လုပ်ဆောင်ချက်အသစ်တွေနဲ့ ပတ်သတ်ပြီး ပိုမို သိရှိလိုရင်တော့ Samsung Newsroom, Samsungmobilepress.com, Samsung.com နဲ့ Samsung Myanmar Facebook Page တို့မှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ 

#Samsung #OneUI7 #GalaxyAI

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply