Support Our Heroes အစီအစဉ်အနေနဲ့ ကျန်းမာရေးဝန်ထမ်း (၁၂၀၀) ကျော် အတွက် နေ့စဉ် ထမင်း ဟင်းတွေ ပို့ဆောင်ပေးနေတယ်

24-4-2020-yyl-042.jpg

Support Our Heroes အစီအစဉ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက Covid-19 ကုသရေးနဲ့ ကာကွယ်ရေးစင်တာ (၁၉) နေရာက ကျန်းမာရေးဝန်ထမ်း (၁၂၀၀) ကျော် အတွက် နေ့စဉ် ထမင်း ဟင်းတွေ ပို့ဆောင်ပေးနေတာဖြစ်တယ်လို့ YRYEA ရဲ့EC အဖွဲ့ဝင် ကိုသက်ဝံ့ကျော်ဇံ ကပြောပါတယ်။

ကျန်းမာရေးဝန်ထမ်းများအတွက် နေ့စဉ် ထမင်း ဟင်းတွေ ပို့ဆောင်ပေးနေတဲ့ Covid-19 ကုသရေးနဲ့ ကာကွယ်ရေးစင်တာများမှာ ဝေဘာဂီအထူးကုဆေးရုံကြီး၊ မြောက်ဥက္ကလာပ ဆေးရုံကြီး၊ ဆေးတက္ကသိုလ် (၂)၊ အောင်မင်္ဂလာအဝေးပြေးဆေးခန်း၊ တိုင်းကျန်းမာရေး ဦးစီးဌာန၊ သိမ်ဖြူလက်ဝှေ့ရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ Golden View Condo (ဦးဝိစာရအဝိုင်း)၊ ပညာရေးတက္ကသိုလ်(အမရာဆောင်)၊ တောင်ဥက္ကလာမိခင်နှင့် ကလေးဆေးရုံ တွေဖြစ်ပါတယ်။

ဒါ့ပြင် လူမှူကူညီရေးအဖွဲ့(ရန်ကုန်) ၊ အင်းလျားလိတ်ဟိုတယ်၊ သဲအင်းဂူတိုက်ခွဲ(၃၂) မင်္ဂလာဒုံ၊ ကျောင်းတော်ကူး သစ္စာအောင်မြေကျောင်း မင်္ဂလာဒုံ၊ ဓမ္မမာမက(ကိုးရီးယားကျောင်း)ကျွန်းကလေး လှည်းကူး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မြောက်ဥက္ကလာပ (River View Condo)၊ ဖောင်ကြီး Covid ကုသရေးဆေးရုံစတဲ့ စုစုပေါင်း နေရာ (၁၉) ခု ကို နေ့စဉ်ပို့ဆောင်ပေးနေတာဖြစ်တယ် လို့ သူကရှင်းပြပါတယ်။

“camp နေရာတွေကများလာတယ်။ လူကြီးရေတိုးလာပေမယ့် အလှူငွေရရှိတဲ့နှုန်းက အရင်ထက်စရင် လှူတဲ့အလှူရှင်ကပါးလာတယ်။ အဲ့ဒီအတွက် Support Our Heroes အစီအစဉ်ကို လူတွေဒီထက်ပိုပြီးသိအောင်လည်း လုပ်ဖို့စီစဉ်နေပါတယ်။” လို့ သူက ဆိုပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေရဲ့ တနေ့စာ (မနက်၊ နေ့လယ်၊ ညစာ) သုံးနပ်စာ အတွက် ၅ဝဝဝ ကျပ်နှုန်းသတ်မှတ်ထားပြီး AYA, KBZ, CB Bank အကောင့်တွေက တစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

Support Our Heroes အစီအစဉ်အနေနဲ့ ဧပြီလ (၂၀) ရက်နေ့အထိ အလှူငွေ သိန်းတစ်ထောင်ခန့် လက်ခံရရှိနေပြီဖြစ်တယ်လို့ EC အဖွဲ့ဝင် ကိုသက်ဝံ့ကျော်ဇံ ကပြောပါတယ်။

Covid – 19 ရောဂါတိုက်ဖျက်ရေးကာလအတွင်း အလှူရှင်များအနေနဲ့ ဆေးရုံသုံးပစ္စည်းတွေလှူတန်းလိုပါကလည်း Support Our Heroes အစီအစဉ်မှတစ်ဆင့်လှူတန်းနိုင်ပြီး Support Our Heroes အစီအစဉ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့ပူးပေါင်းကာ လိုအပ်တဲ့ နေရာတွေကို သွားရောက်လှူတန်းပေးနေတာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top