မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ပေးနေခြင်းသည် မြန်မာနိုင်ငံက လူ့အခွင့်အရေးနှင့် ပတ်သက်၍ အစဉ်အမြဲ အလေးထားမှုကို သိသာထင်ရှားစွာ ပြသနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
နေပြည်တော်ရှိ ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည့် မသန်စွမ်းသူများ တရားမျှတမှု ရရှိပိုင်ခွင့်ဆွေးနွေးပွဲအကျဉ်းချုပ် အစီရင်ခံစာနှင့် မသန်စွမ်းစစ်တမ်းကောက်ယူခြင်းဆိုင်ရာနည်းလမ်းများ ရှင်းလင်း တင်ပြခြင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးဌာနအနေဖြင့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများ မှတ်ပုံတင်ခြင်းလုပ်ငန်း အတွက် မသန်စွမ်းမှုစစ်တမ်းများကို ကောက်ယူလျက်ရှိသည်။ ထိုသို့ မသန်စွမ်းမှုအဆင့်သတ်မှတ်ပေးခြင်းဖြင့် မသန်စွမ်းသူများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အကူဖြစ်မည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့သည်။
KST (ရိုးရာလေး)
မသန်စွမ်းအခွင့်အရေးဖော်ဆောင်ပေးခြင်းက လူ့အခွင့်အရေးကို အလေးထားမှု သိသာထင်ရှားတယ်လို့ ပြောကြားခဲ့တဲ့သတင်း
