ဆန်စေ့နဲ့ တေလာဆွစ်ဖ်ပုံတူအပါအဝင် အနုပညာလက်ရာတွေဖန်တီးတဲ့ TikTok Creator

9.10.2024-yyl-2.jpg

အလစ်ဆာ တီအိုအမည်ရတဲ့ အသက် ၃၄ နှစ်အရွယ် TikTok Creator ဟာ အသက် ၇ နှစ်- ၈ နှစ်အရွယ်ကတည်းက အိမ်တစ်ဝိုက်မှာ စက္ကူနဲ့ ခဲတံတို့ကို အသုံးပြုပြီး ပန်းချီတွေရေးဆွဲခဲ့တာပြီး အနုပညာအပေါ်ချစ်မြတ်နိုးစိတ်အပြည့်ပါပဲ။ သူ့အသက် ၁၁ နှစ်မှာ သူ့ရဲ့ပုံကြမ်းတွေကို ဆင့် ၅၀ အကြွေစေ့ ၁ စေ့နဲ့ အတန်းဖော်တွေဆီ ရောင်းချခဲ့ကာ စီးပွားရှာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်ကျတော့ တီအိုက @friedriceart အမည်နဲ့ဆန်စေ့တွေအသုံးပြုပြီးတော့ “Hello” ဆိုတဲ့စကားလုံးကို ပထမဆုံးပုံဖော်ဖန်တီးဖြစ်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုက TikTok မှာ နာမည်ကြီးသွားကာ ဖော်လိုဝါ ၃.၄ သန်းရရှိသွားခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုပျံ့နှံ့သွားခဲ့ပြီးကတည်းက တီအိုက ရိုးရှင်းတဲ့စကားလုံးတွေသာမက ရုပ်ပုံတွေကိုပါ ဖန်တီးဖို့ ဆန်စေ့တွေကို အရောင်အမျိုးမျိုးဆေးဆိုးပြီး စမ်းသပ်ခဲ့ပါတယ်။

သူ ဖန်တီးခဲ့တဲ့ ပထမဆုံးရုပ်ပုံက Avengers ဇာတ်ကားထဲက Hulk ပုံတူဖြစ်ပြီး နောက်ထပ်ဖန်တီးခဲ့တာက Baby Yoda ရဲ့ပုံတူပါ။ သူ့အနုပညာလက်ရာအတွက် brainstorming လုပ်ပြီးတော့မှ ဘုတ်ပြားပေါ်ပုံကြမ်းချဆွဲပါတယ်။ အဲ့ဒီနောက် ဆန်စေ့တွေကို အရောင်ဆိုးပြီး ဘုတ်ပြားပေါ် ဆန်စေ့တွေနဲ့ ပုံဖော်ပါတယ်။ ဆန်စေ့ကို အရောင်ဆိုးဖို့အတွက် Ziplock အိတ်ထဲ ဆန်စေ့တွေထည့်၊ food color နဲ့ ဗင်နီဂါတို့ကို ပေါင်းထည့်၊ ပြီးရင် အလုံပိတ်ပြီး လှုပ်ယမ်းလိုက်ပါတယ်။ အဲ့ဒီနောက် ဆန်စေ့ကို အခြောက်ခံပါတယ်။

သူ စဖန်တီးခဲ့တုန်းက အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့တာပါ။ TikTok အသုံးပြုသူတွေက အနုပညာလက်ရာဖန်တီးပြီး လေပေါ်ဝှေ့ယမ်းလိုက်တဲ့ ဆန်စေ့တွေကို နောက်ထပ်လက်ရာအတွက် ပြန်သုံးတာလား (ဒါမှမဟုတ်) ဒေသတွင်းက ကလေးတွေပြန်ကစားဖို့ လှူဒါန်းတာလားလို့ သိချင်ခဲ့ကြတာပါ။ တီအိုက သူ့မှာ သူငယ်ချင်းကျောင်းဆရာ/ဆရာမတွေရှိတာကြောင့် သူတို့ရဲ့ကျောင်းသား/သူတွေအတွက် ပြန်အသုံးပြုတယ်လို့ ဆိုပါတယ်။

တီအိုက ပန်းချီအပြင် အားကစားကိုလည်း မြတ်နိုးတဲ့သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ အဆိုတော်တေလာဆွစ်ဖ်နဲ့သူ့ချစ်သူထရာဗစ်ကယ်လ်စီတို့ရဲ့အချစ်ဇာတ်လမ်းကို သတိပြုမိပြီး တေလာဆွစ်ဖ်ပုံကို ဖန်တီးဖို့ဖြစ်လာခဲ့ပါတယ်။

အဲ့ဒါကို ဖန်တီးပြီးတဲ့နောက်မှာ ကြည့်ရှုသူ ၁၁ သန်းရှိသွားခဲ့ပါတယ်။ တီအိုက သူ့ရဲ့ဗီဒီယိုတွေဟာ အခြားသူတွေကို တွန်းအားဖြစ်စေဖို့နဲ့ အခြားသူတွေပြုံးပျော်စေဖို့ မျှော်လင့်နေတာပါ။

Ref: TikTok Creator Turns Rice into Art, Including Taylor Swift and Travis Kelce’s Love Story!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top